၂၀ မေ ၂၀၂၆ - ၁၆:၁၅
အမေရိကန် F-35 တိုက်လေယာဉ်ကို ပစ်ချခဲ့တဲ့ ပထမဆုံးနိုင်ငံဟာ အီရန်ဖြစ် ကြောင်း အီရန်နိုင်ငံခြား ရေးဝန်ကြီး ပြောကြား

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီက အီရန်နှင့်စစ်ပွဲစတင်ပြီး လများအတွင်း ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိသော စစ်လေယာဉ်များစွာကို ဖျက်ဆီးခဲ့ကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်က အစီရင်ခံတင်ပြခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆယက်ဒ် အဘာစ် အီရတ်က်ကျီက မေလ ၁၉ ရက် ၂၀၂၆ ခုနှစ် ၊ အင်္ဂါနေ့တွင် X စာမျက်နှာ တွင် အီရန် လက်နက်ကိုင်တပ်ဖွဲ့များသည် အဆင့်မြင့် F-35 တိုက်လေယာဉ်တစ်စင်းကို အောင်မြင်စွာပစ်ချနိုင်သည့် ပထမဆုံးတပ်ဖွဲ့ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

အီရန်တပ်ဖွဲ့များသည် ပဋိပက္ခအတွင်း “သင်ခန်းစာအသစ်များနှင့် အတွေ့အကြုံအသစ်များ” ရရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

 အီရန်နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ၏ အဆိုအရ စစ်ပွဲပြန်လည်ဖြစ်ပွားပါက “အံ့အားသင့်စရာများ” ရှိလာမည်ဖြစ်ကြာင်းဖြစ်ပါတယ်။

 အမေရိကန်အရာရှိများသည် ဤထုတ်ပြန်ချက်များကို တုံ့ပြန်ခြင်းမရှိသေးပါ။ ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် အီရန်နှင့် အမေရိကန်အကြား တင်းမာမှုများ မြင့်တက်လာပြီး နှစ်ဖက်စလုံးမှ အရာရှိများသည် စစ်ရေးနှင့် နိုင်ငံရေးလုပ်ဆောင်မှုများကို အပြန်အလှန် အထပ်ထပ်စွပ်စွဲနေချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha