အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehrသတင်းဌာန၏အစီရင်ခံစာအရ အီရန် ၏ အကြီးတန်း စစ်ရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ရှီကာချီ က အမေရိကန်သမ္မတ၏ မကြာသေးမီက ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ တုံ့ပြန် ပြောကြားရာတွင် အီရန်အား မည်သည့် ရန်စမှုအသစ် သို့မဟုတ် ကျူးကျော်မှုအသစ်မဆို အမေရိကန်အတွက် ယခင်ထက် ပိုမို ပြင်းထန်ပြီး ပျက်စီးစေမည့် အကျိုးဆက်များကို ဖြစ်ပေါ်စေမည်ဟု ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ် ရှီကာချီ က အီရန်အပေါ် ပြီးခဲ့တဲ့ တတိယကျူးကျော်စစ်(ခ) ရမ်ဒွါန် စစ် ” မှာ အမေရိကန် ရင်ဆိုင်ခဲ့ရတဲ့ အရှက်တကွဲနဲ့ ရှုံးနိမ်မှုအတွက် အရှက်ပြေရန် ထပ်မံပြီး “မိုက်မဲမှု” တစ်ခုခုကို ပြုလုပ်ခဲ့မယ်ဆိုရင် ဝါရှင်တန်ဟာ ပိုမိုပြင်းထန်တဲ့ ထိုးနှက်မှုတွေကို ခံစားရလိမ့်မယ် ဆက်လက်ပြောကြားခဲ့ပါတယ်။
အီရန်၏ အကြီးတန်း စစ်ရေး ပြောရေးဆိုခွင့်ရှိသူ က အီရန်အပေါ် နောက်ထပ်အရေးယူမှုများ ပြုလုပ်ပါက အမေရိကန်အကျိုးစီးပွားများနှင့် စစ်တပ်သည် မမျှော်လင့်ထားသော၊ အစွမ်းထက်သော တိုက်ခိုက်မှု အသစ်များ နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြား ခဲ့ပါတယ်။
ဗိုလ်ချုပ် ရှီကာချီ က အမေရိကန်ဟာ မိမိ ရဲ့ ကိုယ်ပိုင် မူဝါဒတွေကြောင့် ပေါ်ပေါက်လာတဲ့ အကျပ်အတည်းထဲကို ပိုမို နစ်မြုပ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment