အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الجواد علیه السلام:
ثَـلاثٌ يَبْلُغْنَ بِالْعَبْدِ رِضْوانَ اللّه ِ تَعالى: كِثْـرَةُ الاْءسْتِغفـارِ وَ لِينُ الْجانِبِ وَ كَثْرةُ الصَّدَقَةِ.
အေမာမ် ဂျဝါဒ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« လူတစ်ဦးမှာ အောက်ပါအချက်သုံးချက်ရှိပါက အလ္လာဟ်ဟိုအရှင်မြတ် ၏ ကျေနပ်မှုကို ရရှိစေမည်ဖြစ် ပါသည်။
၁။ သောင်ဗဟ် (အပြစ်များအတွက် နောင်တယူ၍ အလ္လာဟ်ထံ ပြန်လည်လှည့်ခြင်း) များစွာ ပြုလုပ်ခြင်း
၂။ ကောင်းမွန်သော မိတ်ဆွေများ နှင့် ပေါင်းသင်းနေထိုင်ခြင်း
၃။ ဆဒ်ကဟ် များစွာ ပေးခြင်း တို့ ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၅ ၊ စာမျက်နှာ ၃၈၀ ၊ ဟဒီးစ်တော် ၄၂
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ဤဟဒီးစ်တော်မှ လူတစ်ယောက် အလ္လာဟ်ဟို အရှင်မြတ် ရဲ့ ကျေနပ်မှုကို ရဖို့အတွက် အရေးကြီးတဲ့ အကျင့်သုံးမျိုးကို သင်ကြား ထားပါတယ်။
၁။သောင်ဗဟ် များများပြုလုပ်ခြင်း က လူကို အပြစ်ကနေ သန့်ရှင်းစေပြီး အလ္လာဟ်ဟိုအရှင်မြတ် နဲ့ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေပါတယ်။
၂။ကောင်းသောမိတ်ဆွေရွေးချယ်ခြင်း က လူရဲ့ အကျင့်စရိုက်ကို ကောင်းမွန်စေပြီး မကောင်းမှု တွေ ကနေ ကာကွယ်ပေးပါတယ်။
၃။ဆဒ်ကဟ် ပေးခြင်း က ဆင်းရဲသားများ ကို ကူညီပေးသလို လူရဲ့ စိတ်နှလုံးကိုလည်း ကောင်းမွန် နူးညံ့စေပြီး အလ္လာဟ်ဟို အရှင်မြတ်၏ ကျေးဇူးတော်ကို ရရှိစေပါတယ်။
အနှစ်ချုပ်အားဖြင့် — ဤသုံးချက်ကို လိုက်နာသူဟာ အလ္လာဟ်ဟို အရှင်မြတ်၏ ကျေနပ်မှုကို ရရှိသူ ဖြစ်ပြီး နီးကပ်လာသူ ဖြစ်ပါတယ်။
======================================================
END / 251
Your Comment