အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ဂျီးရီးယား အစ္စလာမ်လှုပ်ရှားမှု၏ အထွေထွေအတွင်းရေးမှူး ရှိက်ခ်အီဗရာဟီးမ်ဇက်ဇာကီ သည် ဤလှုပ်ရှား မှုနှင့် ဆက်စပ်နေသော “ရှရီဖန်” လူငယ်အစည်းအဝေး ပိတ်ပွဲနှင့် ဇေလ်ဟစ်ဂျဟ် လမြတ် ရောက်ရှိ လာ ခြင်းတွင် မိန့်ခွန်းပြောကြားရာတွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် ချစ်ခြင်းမေတ္တာ သည် နှလုံးသား ထဲမှ ခံစားချက်တစ်ခုသာမက “စွန့်လွှတ်အနစ်နာခံမှုနှင့် ကိုယ်ကျိုးစွန့်မှု” လည်း လိုအပ်ကြောင်း အလေးပေး မိန့်ကြားခဲ့ပါတယ်။ ဤမိန့်ခွန်း ကို ဟီဂျရီ သက္ကရာဇ် ၁၄၄၇ ခုနှစ် ဇေလ်ဟစ်ဂျဟ်လမြတ် ၂ ရက်နေ့ အင်္ဂါနေ့ ညနေပိုင်းတွင် နိုင်ဂျီးရီးယားနိုင်ငံ၏ မြို့တော် အဘူဂျာရှိ ၎င်း၏နေအိမ်တွင် မိန့်ကြားခဲ့ခြင်း ဖြစ်ပါတယ်။
ဤမိန့်ခွန်းတွင် ရှိက်ခ်အီဗရာဟီးမ်ဇက်ဇာကီ ဇေလ်ဟစ်ဂျဟ် ကို ကောင်းမြတ်သောလများနှင့် အရေးကြီးသော သမိုင်းဝင် ဖြစ်ရပ်များ ပြည့်နှက်နေသောလအဖြစ် ဖော်ပြခဲ့ပြီး ဟဇရသ် အလီ အစ်ဗ်နေအဘီသွာလစ်ဗ် (အ.စ) နှင့် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) တို့၏ အိမ်ထောင်ရေးကို ရည်ညွှန်းပြီး ဤအိမ်ထောင်ရေးသည် အစ္စလာမ်ဘာသာတွင် မှန်ကန်သော အိမ်ထောင်ရေးနည်းလမ်းအတွက် စံပြတစ်ခုဖြစ်ကြောင်း မိန့်ကြားခဲ့ ပါတယ်။
ဟာဇရသ် အီဗရာဟီးမ် (အ.စ) နှင့် ၎င်း၏သားတော် ဟဇရသ် အီစ္စမာအီ (အ.စ) တို့၏ စွန့်လွှတ် အနစ်နာခံမှု ဖြစ်ရပ်မှန် ကို ရည်ညွှန်းကာ စွန့်လွှတ်အနစ်နာခံမှု၏ အယူအဆကို ဘာသာရေးအတွက် စွန့်လွှတ်အနစ်နာခံမှုနှင့် စေတနာ” အဖြစ် သတ်မှတ်ခဲ့ပြီး ယနေ့ ကျွန်ုပ်တို့၏ စွန့်လွှတ်အနစ်နာခံမှုမှာ လူတစ်ဦးသည် ဘာသာရေးအတွက် မိမိ ၏အရာအားလုံးကို စွန့်လွှတ်ရန် အသင့်ရှိနေခြင်းဖြစ်သည် ဟု ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။
ရှိက်ခ်အီဗရာဟီးမ်ဇက်ဇာကီ က အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဆင့်အတန်းနှင့် ကောင်းမြတ်သော ဂုဏ် သတ္တိများ ကို ဆွေးနွေးတင်ပြခြင်းဖြင့် မိမိ ၏ မိန့်ခွန်းကို ဆက်လက်မိန့် ကြားခဲ့ပြီး အလ္လာဟ်အရှင်မြတ်သည် မိမိ ၏ ဉာဏ်ပညာတော် အပေါ် အခြေခံ၍ ၎င်းတို့ကို ရွေးချယ်ခဲ့ပြီး ၎င်းတို့ကို လိုက်နာခြင်းသည် ကယ်တင်ခြင်း လမ်းကြောင်း ကို ဖြစ်ပေါ်စေခဲ့သည်ဟု မိန့်ကြားခဲ့ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အဆင့်အတန်းအပေါ် မနာလိုမှုသည် လူတစ်ဦးကို လမ်းလွဲစေကြောင်း သတိပေးခဲ့ပြီး အလ္လာဟ်ဟို အရှင်မြတ် သခင်က တစ်စုံတစ်ယောက်ကို ရာထူးတစ်ခု ပေးထားရင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့အတွက် သူတို့ကို ရန်လိုတာမျိုး မလုပ်သင့်ကြောင်း မနာလိုမှုဆိုတာ အီဗ်လီစ် ၏ စွန္နသ် ကို လိုက်နာခြင်း ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အစ္စလာမ်ဘာသာ၏ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သည် ၎င်းတို့ထဲတွင် မပါဝင်သောကြောင့် ဂျူးလူမျိုးများ၏ တမန်တော်မိုဟမ္မဒ် (ဆွ) အပေါ် မနာလိုမှုနှင့် တမန်တော်အာဒမ် (အ.စ) အပေါ် အီဗ်လီစ် ၏ မနာလိုမှုကို ရည်ညွှန်း၍ ရှိက်ခ်အီဗရာဟီးမ်ဇက်ဇာကီ က ဤကိစ္စများကို မနာလိုမှု၏ အကျိုးဆက်များ၏ သမိုင်းဝင် ဥပမာများ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရှိက်ခ်အီဗရာဟီးမ်ဇက်ဇာကီ က အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် ချစ်ခြင်း မေတ္တာအတွက် လုပ်ဆောင်ချက် လိုအပ် ကြောင်း ဆိုလိုသည်မှာ လူတစ်ဦးသည် မိမိ ၏အသက်ကို စွန့်လွှတ်စတေး ပြီး ၎င်းတို့၏လမ်းကြောင်းတွင် လျှောက်လှမ်း ခြင်း ဖြစ်ကြောင်း အလေးပေးမိန့် ကြားခြင်းဖြင့် နိဂုံးချုပ်ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment