အာဖရိက
-
ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် ဟဇရသ် အဘာစ် (အ.စ)တို့ ၏ ရောင်ဇာ တော်များ သို့ သွားရောက် ဇေယာရသ် ပြု ။ ။ Photos
အဗ်နာ ။ ။ နိုင်ဂျီးရီးယား ရှီအဟ် များ ၏ ခေါင်းဆောင် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် ဟစ်ဂျရီ ၁၄၄၈ ခုနှစ်၊ မုဟရ်ရမ် ၂၉ ရက် ၊ အင်္ဂါနေ့ ဇူလိုင်လ ၁၄ ရက်နေ့ ၂၀၂၆ခုနှစ် အစောပိုင်းတွင် ကရ်ဗလာ မြို့ ရှိ အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် ဟဇရသ် အဘာစ် (အ.စ) တို့ ၏ ရောင်ဇာတော်များ သို့ သွားရောက် ဇေယာရသ် ပြု ခဲ့ပါတယ်။
-
အာဇာနည်ခေါင်းဆောင်ကြီး၏ မရှ်ဟဒ်မြို့ စျာပနအခမ်းအနားသို့ တက်ရောက်ရန် ရှိတ်ခ် အီဗရာဟီးမ် ဇက်ဇာကီ ရောက်ရှိ ။ ။ Photos
အဗ်နာ။ အာဇာနည်ခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ.) ၏ မရှ်ဟဒ်မြို့တွင် ကျင်းပမည့် စျာပနအခမ်းအနားသို့ တက်ရောက်နိုင်ရန် နိုင်ဂျီးရီးယား ရှီအဟ်ခေါင်းဆောင် ရှိတ်ခ် အီဗရာဟီးမ် ဇက်ဇာကီ နှင့် ဇနီးဖြစ်သူတို့သည် ယနေ့ ဇူလိုင်လ (၉) ရက်နေ့တွင် မရှ်ဟဒ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ရှိတ်ခ် ဇက်ဇာကီနှင့် ဇနီးဖြစ်သူသည် အာဇာနည်ခေါင်းဆောင်ကြီးအား နောက်ဆုံးဂါရဝပြုရန်နှင့် စျာပနအခမ်းအနားတွင် ပါဝင်တက်ရောက်ရန် အီရန်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။
-
အာဖရိကနိုင်ငံ ၂၀ ခန့်မှ မောင်လာနာများ အေမာမ် အလီ (အ.စ) ၏ရောင်ဇာတော် တွင် အဇါဒါရီ ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ အီရတ်နိုင်ငံ နဂျဖ်ဖေအရှ်ရဖ် မြို့ ရှိ အမီးရိုလ် မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော် တွင် အာဖရိကနိုင်ငံ ၂၀ ခန့်မှ မောင်လာနာများ (သာသနာ့ကျောင်းသားများ) အဇါဒါရီ ပြုလုပ် ပြလုပ်နေသည့် ပုံရိပ်များ ဖြစ်ပါတယ်။
-
ဟဇရသ် မအ်စူမဟ် (စ.အ) ၏ ရောင်ဇာတော် တွင် အာဖရိက ရှီအဟ်များ ပြုလုပ်သည့် အာရှုရာ နေ့ အဇါဒါရီ ။ ။ Photos
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သာသနာ့ရွှေမြို့တော် ကွမ်းမြို့ရှိ ဟဇရသ် မအ်စူမဟ် (စ.အ) ၏ ရောင်ဇာတော် တွင် အာဖရိက ရှီအဟ်များ ပြုလုပ်သည့် အာရှုရာ နေ့ အဇါဒါရီ ပုံရိပ်များဖြစ်ပါတယ်။
-
နိုင်ရိုဘီမြို့လမ်းများပေါ်တွင် ကင်ညာရှီအဟ် များ ၏ အဇါဒါရီ ။ ။ video
အဗ်နာ ။ ။ အဗါအဗ်ဒွလ္လာဟ် ဟေလ်ဟိုစိုင်းန် (အ.စ) အတွက် အဇါဒါရီ ကို ကင်ညာနိုင်ငံ ၏မြို့တော် နိုင်ရိုဘီမြို့ရှိ လမ်းများပေါ်တွင် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို ချစ်မြတ်နိုးသူရှီအဟ်များက ပြုလုပ်ခဲ့ကြပါတယ်။
-
အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေးသည် အစ္စလာမ်အသိုင်းအဝိုင်း ပြုပြင်ပြောင်းလဲရေးအတွက် ဖြစ်ကြောင်း ရှိတ်ခ် ယာကွတ်ဗ် ယာယာ ကတ်စီနာပြောကြား ။ ။ Photos
အဗ်နာ ။ ။ ရှိတ်ခ်ဇက်ဇာကီ ၏ ဦးဆောင်မှုအောက်တွင် ကျင်းပသည့် အေမာမ် ဟိုစိုင်းန် (အ.စ) အောက်မေ့ဖွယ် ဝမ်းနည်းကြေကွဲခြင်း အခမ်းအနားတွင် ရှိတ်ခ် ယာကွတ်ဗ် ယာယာ ကတ်စီနာ က အေမာမ် ဟိုစိုင်းန် (အ.စ) သည် မိမိ ဘိုးတော် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ဘာသာရေးနှင့် အသိုင်းအဝိုင်းအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရန် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းမိန့် ကြားခဲ့ပြီး၊ မွတ်စလင်မ် အစ်ဗ်နေ အကီးလ် (အ.စ) အား ကူဖာသို့ စေလွှတ်ခဲ့သည့် ဖြစ်စဉ်နှင့် ၎င်း၏ အနစ်နာခံမှုများကိုလည်း ထည့်သွင်းဟောပြောခဲ့ပါတယ်။
-
နိုင်ရိုဘီတက္ကသိုလ်တွင် “တရားမျှတမှုနှင့် ဂုဏ်သိက္ခာ” ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံညီလာခံ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ အီရန်သံရုံး၏ ယဉ်ကျေးမှုဆိုင်ရာ အတိုင်ပင်ခံ ဒေါက်တာ မဲဟ်ဒီ ဗိုင်ကီသည် နိုင်ရိုဘီတက္ကသိုလ်တွင် ကျင်းပသော “တရားမျှတမှုနှင့် ဂုဏ်သိက္ခာ ၊ အစ္စလာမ်နှင့် ခရစ်ယာန်ရှုထောင့်များ” ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံ ညီလာခံသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ညီလာခံကို နိုင်ရိုဘီတက္ကသိုလ်နှင့် အီရန်နိုင်ငံ ကွမ်းမြို့ရှိ အစ္စလာမ်လေ့လာရေးဌာန (IIIS) တို့ ပူးပေါင်းကျင်းပခဲ့ပြီး ခေတ်ပြိုင်လူ့အဖွဲ့အစည်းတွင် တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှုတို့၏ မျှဝေထားသော တန်ဖိုးများကို ဆွေးနွေးဖလှယ်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။
-
နိုင်ဂျီးရီးယား ၊ အေမာမ် ခိုမေနီ (ရ.ဟ) ကွယ်လွန်ခြင်း ၃၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ်တော်လှန်ရေး ခေါင်းဆောင် အေမာမ် ခိုမေနီ (ရ.ဟ) ကွယ်လွန်ခြင်း ၃၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် နိုင်ဂျီးရီးယားနိုင်ငံ ဒေသအသီးသီးမှ ပညာရှင်များ၊ ကျောင်းသားများနှင့် ရှီအဟ်မွတ်စလင်မ်များ တက်ရောက်သည့် အခမ်းအနားကို ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ၏ နေအိမ်ဖြစ်သော အဘူဂျာတွင် ကျင်းပခဲ့ပါတယ်။
-
Samood Global Fleet တက်ကြွလှုပ်ရှားသူများကို ကိပ်တောင်းလေဆိပ်တွင် လူထုက ကြိုဆို ။ ။ Photos
အဗ်နာ ။ ။ Samood Global Fleet တက်ကြွလှုပ်ရှားသူများသည် မနေ့ညနေက တောင်အာဖရိကနိုင်ငံ ကိပ်တောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာချိန်တွင် လူအုပ်ကြီး ၊ လူမှုရေး တက်ကြွလှုပ်ရှားသူများ နှင့် ဘာသာရေးခေါင်းဆောင်များက ကြိုဆိုခဲ့ကြပါတယ်။ တောင်အာဖရိကနိုင်ငံရှိ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏နောက်လိုက် ရှီအဟ်များတက်ရောက်ခြင်းနှင့် "ပါလက်စတိုင်းလွတ်လပ်ပါစေ " ဟူသော ကြွေးကြော်သံများ ပါဝင်ပါတယ်။
-
အဲဟ်လေ့ဘိုက်(သ)(အ.စ) အပေါ် ချစ်ခြင်းမေတ္တာသည် စွန့်လွှတ်အနစ်နာခံမှုကို ဖြစ်ပွားစေကြောင်း ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ မိန့်ကြား
တမန်တော် အီဗရာဟီးမ် (အ.စ) ၏ စွန့်လွှတ်အနစ်နာခံမှု ဖြစ်ရပ်မှန် ကို ရည်ညွှန်း၍ ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် “ဘာသာရေးအတွက် စွန့်လွှတ်အနစ်နာခံမှု” ကို စွန့်လွှတ်အနစ်နာခံမှု၏ စစ်မှန်သော အဓိပ္ပာယ် အဖြစ် သတ်မှတ်ပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် ချစ်ခြင်းမေတ္တာကို လက်တွေ့လုပ်ဆောင်မှုဖြင့် ထင်ရှား စေရမည်ဟု မိန့်ကြားခဲ့ပါတယ်။
-
ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ရှဟာဒသ် သတင်းအတည်ပြုပြီးနောက် နိုက်ဂျီးရီးယားပြည်သူများ ဆန္ဒပြ ။ ။ video
အဗ်နာ ။ ။ နိုက်ဂျီးရီးယားနိုင်ငံ၊ ကာနို မြို့ရှိ ရှီအဟ် များသည် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ရုပ်ပုံများ နှင့် အီရန်၏ သန့်ရှင်းသော အလံတော်ကို ကိုင်ဆောင်ကာ လမ်းပေါ်ထွက်လာပြီး အမေရိကန် အကြမ်းဖက် အစိုးရနှင့် ဇီယွန်နစ်နယ်ချဲ့ အစိုးရ အပေါ် မိမိ တို့၏ ဒေါသကို ကြွေးကြော်သံများဖြင့် ဖော်ပြခဲ့ ကြပါတယ်။
-
အမေရိကန်၏ အကြမ်းဖက်အဖွဲ့များ စာရင်းတွင် မွတ်စလင်ညီနောင်များအဖွဲ့ (အစ်ခ်ဝါနိုလ်မွတ်စ်လေမီးန်) ကို ထည့်သွင်းခြင်းကို အီဂျစ် နှင့် ယူအေအီ တို့က ကြိုဆို
ကိုင်ရိုနှင့် အဘူဒါဘီအစိုးရများ သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မွတ်စလင်ညီနောင်များအဖွဲ့ (အစ်ခ်ဝါ နိုလ်မွတ်စ်လေမီးန်) ၏ လက်ခွဲများကို အကြမ်းဖက်အဖွဲ့များ စာရင်းတွင် ထည့်သွင်းရန် ချမှတ်ခဲ့သော အဆုံး အဖြတ်ကို ကြိုဆိုခဲ့ကြပါတယ်။
-
နိုင်ဂျီးရီးယား တွင် လူ ၃၀ ကျော်သေဆုံးပြီး အချို့ မှာ ပြန်ပေးဆွဲခံရကြောင်း နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ပြောကြား
နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ဗဟိုအာဖရိကနိုင်ငံ နိုင်ဂျာပြည်နယ်တွင် လူ ၃၀ ကျော်သေဆုံးပြီး အချို့ ကို “ဓားပြများ” က ပြန်ပေးဆွဲခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
-
ဆီနီဂေါနိုင်ငံ အဲဟ်လေ့ဘိုက်(သ) (အ.စ) အိုလမာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ၏ ဈာပနအခမ်းအနား ။ ။ Photos
အဗ်နာ ။ ။ ဆီနီဂေါနိုင်ငံ အဲဟ်လေ့ဘိုက်(သ) (အ.စ) အိုလမာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဟွတ်ဂျ် ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် မိုဟမ္မဒ် နယာ နန်က် ၏ ဈာပနအခမ်းအနားကို ဘာသာရေး လှုပ်ရှား သူများ နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို ချစ်မြတ်နိုးသူများတွင် ကျင်းပခဲ့ပါတယ်။ မရ်ဟွန်မ် သည် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ တနင်းလာနေ့ ဇဟ်ရီအချိန်တွင် အလ္လာဟ် အမိန့်ခံယူ သွားခဲ့ခြင်းဖြစ်ပါတယ်။
-
ဆီနီဂေါနိုင်ငံ အဲဟ်လေ့ဘိုက်(သ) (အ.စ) အိုလမာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ကွယ်လွန်ပြီးနောက် အာယာသွလ္လာဟ် ရမ်ဒွါန်နီ ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရေဇာ ရမ်ဒွါန်နီ က ဆီနီဂေါနိုင်ငံ အဲဟ်လေ့ဘိုက်(သ) (အ.စ) အိုလမာကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဟွတ်ဂျ် ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် မိုဟမ္မဒ် နယာ နန်က် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်း ကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။
-
ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် ဟဇရသ် ဖွာတွေမဟ် မအ်စူမအ် (စ.အ) ရောင်ဇာတော် ၏ ဇေယာရသ် ပြုရန် သွားရောက် ။ ။ Photos
အဗ်နာ ။ ။ နိုင်ဂျီးရီးယားရှိ ရှီအဟ် မွတ်စလင်မ် များ၏ ခေါင်းဆောင် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ သည် ဟဇရသ် ဖွာတွေမဟ် မအ်စူမအ် (စ.အ) ရောင်ဇာတော် ၏ ဇေယာရသ် ပြုရန် ဒီဇင်ဘာလ ၁၈ ရက်နေ့ ၂၀၂၂၅ ခုနှစ် က သွားရောက် ခဲ့ပါတယ်။
-
အာယာသွလ္လာဟ် ရှိက်ခ် ဇက်ဇကီက သတင်းထောက်များအားနိုင်ဂျီးရီးယားလူ့အဖွဲ့အစည်းတွင် ကွဲပြားမှုကို လှုံ့ဆော်ခြင်းမှရှောင်ကြဉ်ရန်အကြံပေးမိန့်ကြား ။ ။ Photos
အဗ်နာ ။ ။ Ariwa အွန်လိုင်းသတင်းထောက်များဖိုရမ်မှ ကိုယ်စားလှယ်များသည် နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့ရှိ အာယာသွလ္လာဟ် ရှိက်ခ် ဇက်ဇကီ ၏ နေအိမ် သို့ သွားရောက်ခဲ့ကြပါတယ်။ ကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်၏ ရည်မှန်းချက်များကို ရှိက်ခ်ထံ တင်ပြခဲ့ပြီး အောင်မြင်မှုရရှိရန်အတွက် အကြံဉာဏ်တောင်းခံခဲ့ပါတယ်။ ရှိက်ခ် မှ သတင်းအချက်အလက်များ ဖြန့်ဝေရာတွင် သတိထားရန် အရေးကြီးကြောင်းနှင့် ဖြန့်ဝေသည့်အရာများသည် ဘာသာရေးအယောင်ဆောင်၍ ကွဲပြားမှု သို့မဟုတ် လူ့အဖွဲ့အစည်းတွင် မငြိမ်မသက်မှုများကို ဖြစ်စေသည့် သတင်းအချက်အလက်များ မဖြစ်အောင် ပြုရမည် ဖြစ်ကြောင်း အလေးပေးမိန့်ကြားခဲ့ပါတယ်။
-
အာယာသွလ္လာဟ် ရှိက်ခ် ဇက်ဇကီ ၏ ဇနီး မှ တီဟီရန် မြို့ တွင် သခင်မကြီး ဇဲဟ်ရာ (စ.အ) ၏ရှဟာဒသ် မဂျ်လစ် တွင် တရားဟောကြား ။ ။ Photos
အဗ်နာ ။ ။ နိုင်ဂျီးရီးယား အစ္စလာမ်မစ် လှုပ်ရှား မှု ၏ခေါင်းဆောင် အာယာသွလ္လာဟ် ရှိက်ခ် ဇက်ဇကီ ၏ ဇနီး မှ တီဟီရန် မြို့ တွင် သခင်မကြီး ဇဲဟ်ရာ (စ.အ) ၏ရှဟာဒသ် မဂျ်လစ် တွင် တရားဟောကြားခဲ့ပါတယ်။
-
အဲဟ်လေ့ဘိုက်(သ)(အ.စ) ၏ ချစ်သူများ မှ တန်ဇန်းနီးယား တွင် တမန်တော်မြတ် (ဆွ ) ၏ ၁၅၀၀ ပြည့် မွေးနေ့မင်္ဂလာ အထိမ်းအမှတ် အခမ်းအနား ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ တန်ဇန်းနီးယားနိုင်ငံ ၏ မြို့တော် ဒါရိုစ်စလာမ် မြို့ရှိ ဟဇရသ် ဇိုင်နဗ် (စ.အ) ကျောင်းတွင် အဲဟ်လေ့ဘိုက်(သ)(အ.စ) ၏ ချစ်သူများ မှ တမန်တော်မြတ်မိုဟမ္မဒ် (ဆွ ) ၏ ၁၅၀၀ ပြည့် နှင့် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) တို့၏ မွေးနေ့မင်္ဂလာ အထိမ်းအမှတ် အခမ်းအနား ကို ကျင်းပခဲ့ပါတယ်။ ဤကျောင်း သည် တန်ဇန်းနီးယားရှိ ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာလေမီယဟ် ၏ ကိုယ်စားလှယ်ရုံး ၏ ကြီးကြပ်မှုအောက်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။