၂၃ မေ ၂၀၂၆ - ၂၃:၅၈
ပြင်သစ်နိုင်ငံက အစ္စရေးဝန်ကြီး အီတာမာ ဘန်ဂွါးအား နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်

ပြင်သစ်နိုင်ငံသည် အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂွါးအား နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားပြီး ဥရောပသမဂ္ဂအနေဖြင့် ၎င်းအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တောင်းဆိုထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းနိုရယ် ဘားရိုးက ၎င်း၏ ရာထူးတူ  အီတလီ နိုင်ငံခြားရေးဝန်ကြီး၏ ရပ်တည်ချက်ကို သဘောတူကြောင်း ကြေညာခဲ့ပြီး အစ္စရေး ပြည်တွင်းလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂွါးအား ဥရောပသမဂ္ဂအနေဖြင့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တောင်းဆိုထားပါတယ်။

 အီတာမာ ဘန်ဂွါးအား လက်မခံနိုင်သော အပြုအမူများ၊ အထူးသဖြင့် Samud ရေယာဉ်လုပ်သားများအပေါ် ဆက်ဆံပုံကြောင့် ပြင်သစ်နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဗုဒ္ဓဟူးနေ့တွင် Samud ရေယာဉ်ခရီးသည်များအပေါ် ဆက်ဆံပုံကို ကန့်ကွက်ရန် အစ္စရေးသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။ ယခင်က အီတလီနိုင်ငံသည်လည်း အလားတူ ကိစ္စနှင့်ပတ်သက်၍ အစ္စရေးသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး ဘန်ဂွါး မှ ထုတ်ပြန်ခဲ့သော ဗီဒီယိုတစ်ခုသည် ဥရောပအဆင့်တွင် ပြင်းထန်သောတုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

 အစီရင်ခံစာအရ ဖမ်းဆီးထားသော Samud ရေယာဉ်လုပ်သားများအပေါ် လူမဆန်သောဆက်ဆံမှုနှင့် ညှဉ်းပန်း နှိပ်စက်မှုဆိုင်ရာ ဗီဒီယိုများ ထွက်ပေါ်လာပြီးနောက် အစ္စရေးအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုများ မြင့်တက် လာခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha