အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Iqnaသတင်းဌာန၏အစီရင်ခံစာအရ ဟဂ်ျပတ်စ်ပို့တပ်ဖွဲ့၏ တပ်မှူး ဗိုလ်မှူးကြီး ဆွာလေဟ် အယ်လ်မူရဘအ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြည်ပမှ ဟာဂျီလောင်း ၁.၅ သန်းကျော် ဆော်ဒီအာရေဗျသို့ ရောက်ရှိနေပြီး ၎င်းတို့အနက် ၁.၄ သန်းကျော်သည် လေကြောင်းဖြင့် ရောက်ရှိခဲ့ပြီး ၄၅၀၀၀ ခန့်မှာ ကုန်းလမ်းမှတစ်ဆင့် ရောက်ရှိခဲ့ပြီး ၆၀၀၀ ခန့်မှာ ပင်လယ်ရေကြောင်းမှတစ်ဆင့် ရောက်ရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ် ။
Saudi Institute of Statistics မှ အချက်အလက်များအရ ပြီးခဲ့သော ဟဂ်ျရာသီ ၂၀၂၅ခုနှစ် တွင် ဆော်ဒီအာ ရေးဗီးယားပြည်တွင်းနှင့် ပြင်ပမှ ဟဂ်ျပြုသူ စုစုပေါင်း ၁.၆၇၃ သန်းရှိခဲ့ပါတယ်။ ဟဂ်ျကို တနင်္လာနေ့၊ မေလ ၂၅ ရက်၊ ၈ ရက် ဇေလ်ဟဂျာဟ်လ တွင် စတင်မည်ဖြစ်ပြီး ဟဂ်ျ၏ ထုံးတမ်း ဓလေ့များမှာ မေလ ၃၀ ရက်အထိ ခြောက်ရက်ကြာ ပြုလုပ်မည်ဖြစ်ပါတယ်။
ဤထုံးတမ်းများတွင် ကယာမ် ပြုရန်၊ မွတ်ဇ်ဒလေဖဟ် တွင် ညလောက်ပေါက်နေရန် ၊ ဂျမာရာသ်မှာခဲပေါက်ရန် ၊ တဝါဖ် လှည့်ရန် စသည်တို့ပါဝင်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment