အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews ၏ အစီရင်ခံစာအရ ယီမင်နိုင်ငံမှ အန်ဆွာရိုလ္လာဟ် ခုခံရေးလှုပ်ရှားမှုသည် အင်္ဂါနေ့နံနက်တွင် လက်ဘနွန် အစ္စလာမ်မစ်ခုခံရေးလှုပ်ရှားမှု ဟစ်ဇ်ဘိုလာ နှင့် စည်းလုံးညီညွတ်မှုကို ကြေညာခဲ့ပါတယ်။
အန်ဆွာရိုလ္လာဟ် နိုင်ငံရေးရုံးက ကြေညာချက်တစ်စောင်တွင် တောင်ပိုင်းလက်ဘနွန်လွတ်မြောက်မှု နှစ်ပတ် လည်နေ့သည် ခေတ်ပြိုင်သမိုင်း၏ သင်ခန်းစာများနှင့် အစ္စလာမ်မစ်ကြံ့ကြံ့ခံ ခုခံရေးနှင့် ၎င်းတို့ ၏ စွန့်လွှတ်မှုများ မပါဘဲ လက်ဘနွန်သည် ရန်သူ၏ကစားကွင်းဖြစ်လာမည်ကို ပြန်လည်အောက်မေ့ရန် လိုအပ်ကြောင်း ပြောကြား ခဲ့ပါတယ်။
အယ်လ်မယာဒီးန် ကွန်ရက်က ကြေညာချက်ကို ကိုးကား၍ ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် သည် အမှောင်ဆုံးခေတ်တွင် [လက်ဘနွန်] ခုခံရေးကို ဦးဆောင်ခဲ့ပြီး အောင်ပွဲခေတ်သို့ ပို့ဆောင် ခဲ့ကြောင်း သူသည် ခေါင်းဆောင်မှု၊ ဂျေဟာဒ် နှင့် ယုံကြည်မှုနှင့် ဇွဲလုံ့လတို့၏ လှုံ့ဆော်မှုကျောင်းတစ်ကျောင်းဖြစ်ပြီး ယခု လည်းဖြစ်ကြောင်း ဆိုထားပါတယ်။
ကြေညာချက်တွင် လက်ဘနွန်ရှိ အစ္စလာမ်မစ်ကြံ့ကြံ့ခံ ခုခံမှုသည် ဂျေဟာဒ် လမ်းကြောင်းသည် အမိမြေ လွတ်မြောက် ရန်နှင့် အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် တစ်ခုတည်း သောနည်း လမ်းဖြစ် ကြောင်း သက်သေပြခဲ့သည်။”
အန်ဆွာရိုလ္လာဟ် ယီမင်ကလည်း ဇီယွန်ဝါဒီ ကျူးကျော်မှုကို ရင်ဆိုင်ရာတွင် အကြီးမားဆုံး အောင်ပွဲများ ရရှိခဲ့သည့် [လက်ဘနွန်] အစ္စလာမ္မစ် ကြံ့ကြံ့ခံ ခုခံမှုအပေါ် ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှုကို ထပ်လောင်း ပြောကြား လိုပါသည် ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment