အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
العَملُ کُلُّهُ هَباءٌ إلاّ ما اُخْلِصَ فیهِ.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အလုပ်ကောင်းများအားလုံးသည် ‘အိခ်လာ့စ်’ (စင်ကြယ်သောစိတ်၊ သန့်ရှင်းသောရည်ရွယ်ချက် ၊ အလ္လာဟ် နှစ်သက်မှု ) မရှိလျှင် အကျိုးမရှိသလို ပျောက်ကွယ်သွားမည်။ အလ္လာဟ်အတွက် စစ်မှန်သောစိတ်ဖြင့် ပြုလုပ် သောအလုပ်သာ တန်ဖိုးရှိသည်။ နားလည်အောင်ပြောရလျင် အလုပ်ကောင်းများအားလုံးသည် ‘အိခ်လာ့စ်’ (စင်ကြယ် သောစိတ်၊ သန့်ရှင်းသောရည်ရွယ်ချက် ၊ အလ္လာဟ် နှစ်သက်မှု ) မရှိလျှင် အကျိုးမရှိသလို ပျောက်ကွယ် သွားမည်။ အလ္လာဟ်အတွက် စစ်မှန်သောစိတ်ဖြင့် ပြုလုပ်သောအလုပ်သာ တန်ဖိုးရှိသည်။ »
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ဟဒီးစ်တော် ၁၄၀၀
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ‘အလုပ်၏အပြင်ပန်းထက် ရည်ရွယ် ချက် က ပိုအရေးကြီးသည်’ ဆိုတဲ့ သဘောကို သိရှိရမှာဖြစ်ပါတယ်။ လူတစ်ယောက်က လှူဒါန်းနိုင်တယ် ၊ ကူညီနိုင်တယ် ၊ ဘာသာရေးဆိုင်ရာအလုပ်တွေ လုပ်နိုင်တယ်။ ဒါပေမယ့် အဲဒါတွေကို လူတွေချီးကျူးဖို့ ၊ မိမိနာမည်ကြီးဖို့ ၊ အများရှေ့မှာ ကောင်းသူဖြစ်ချင်လို့ လုပ်တာဆိုရင် အပြင်ပန်းက ကောင်းပေမယ့် အလ္လာဟ် ရှေ့မှာ စင်ကြယ်မှုမပြည့်စုံနိုင်သည့်လုပ်ရပ်ဖြစ်သွားပါတယ်။ တကယ်တန်ဖိုးရှိတာက အလ္လာဟ်၏ ကျေနပ်မှု ကိုသာ ရှာဖွေခြင်း ၊ ပြသလိုစိတ် မပါခြင်း ၊ စိတ်ရင်းမှန်ခြင်း ၊ အကျိုးပြန်မမျှော်ခြင်း တို့နှင့် လုပ်တဲ့ အလုပ်ဖြစ် ပါတယ်။
****************************************************************
END / 251
Your Comment