အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
"အီရန်နိုင်ငံနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံက နတ်ပြည်ဆိုတာ တကယ်ဟုတ်ရဲ့လား? အီရန်မှာ အမျိုးသမီးအခွင့်အရေး မရှိဘူးဆိုတာရော အမှန်လား?"
နိုင်ငံတစ်နိုင်ငံရဲ့ မကောင်းကြောင်းကို မဝေဖန်ခင်၊ အဲဒီနိုင်ငံရဲ့ ကောင်းကွက်တွေကိုလည်း လေ့လာသိရှိဖို့ လိုအပ် တယ် လို့ ထင်ပါတယ်။
အီရန်နိုင်ငံမှာ အမျိုးသမီးပညာရေးက အတော်လေး ဖွံ့ဖြိုးတိုးတက်နေပြီး၊ အမျိုးသမီးများကို အစိုးရဌာနတွေမှာ လည်း အရေးကြီးရာထူးတွေ ပေးအပ်ထားတာတွေ ရှိပါတယ်။ ဒီလိုအခြေအနေတွေကို လေ့လာကြည့် မယ်ဆိုရင် “အခွင့်အရေး” ဆိုတာ တစ်ဖက်တည်းကနေ ကြည့်လို့မရဘူးဆိုတာ တွေ့ရပါလိမ့်မယ်။
မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အခွင့်အရေးပိုရတယ်လို့ ပြောကြပေမယ့် ပညာရေး၊ လုံခြုံရေးနဲ့ လူမှုဘဝအရည် အသွေးပိုင်းတွေမှာ ဘယ်လောက်ထိ တိုးတက်သာလွန်နေလဲဆိုတာကိုလည်း မေးခွန်း ထုတ်သင့် ပါတယ်။
အီရန်နိုင်ငံမှာ အမျိုးသမီးလုံခြုံရေး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ မဒိမ်းကျင့်ခံရမှုဆိုင်ရာ ပြဿနာတွေကို လေ့လာကြည့်မယ်ဆိုရင်၊ ဘယ်နိုင်ငံက ပိုလုံခြုံသလဲဆိုတာ တွေးတောစရာ ဖြစ်လာနိုင်ပါတယ်။ အီရန်မှာ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါးနဲ့ အရက်သေစာကိစ္စတွေကိုလည်း ဥပဒေအရ တင်းကျပ်စွာ ထိန်းချုပ် ထားပါ တယ်။
အီရန်အစိုးရကို ဘာသာရေးအမည်နဲ့ အာဏာအလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲပြောဆိုမှုတွေ ရှိပေမယ့်၊ ကမ္ဘာ့မီဒီယာတွေရဲ့ ဖော်ပြချက်တွေကိုပဲ အခြေခံပြီး ဆုံးဖြတ်တာထက် အချက်အလက်စုံလင်စွာ လေ့လာပြီးမှ ဝေဖန်သုံးသပ်သင့်တယ်လို့ မြင်ပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံအတွင်းမှာ ဂျူး၊ ခရစ်ယာန်၊ ဇိုရိုအက်စထရီယန် စတဲ့ ဘာသာဝင်တွေ နေထိုင်လျက်ရှိပြီး၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့သလို လူမျိုးရေး၊ ဘာသာရေးပဋိပက္ခကြီးတွေ အလွန်ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ သမိုင်းကြောင်းမျိုးလည်း မတွေ့ရသလောက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခံခဲ့ရပေမယ့်၊ အီရန်နိုင်ငံကတော့ အဲဒီလိုအခြေအနေမျိုး မရှိခဲ့ပါဘူးဆိုတဲ့ အချက်ကိုလည်း သတိပြုသင့်ပါတယ်။
အီရန်နိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာနဲ့ လူမှုကျင့်ဝတ်ကို ထိန်းသိမ်းဖို့ ရည်ရွယ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေ ရှိပါတယ်။ ဥပမာအားဖြင့် အများပြည်သူရှေ့မှာ မသင့်လျော်တဲ့ အပြုအမူတွေ မလုပ်ရခြင်း၊ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းကမ်းများ သတ်မှတ်ထားခြင်း၊ ပြည့်တန်ဆာလုပ်ငန်း တားမြစ်ထားခြင်း၊ မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သုံးစွဲမှုကို ကန့်သတ်ထားခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေကို အချို့က ထောက်ခံကြသလို အချို့ကလည်း မထောက်ခံကြပါဘူး။
ကျွန်တော် ဒီအကြောင်းအရာကို ပြောတာဟာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာကိုမှ ဘက်လိုက်လိုစိတ်နဲ့ မဟုတ်ပါဘူး။ အချက်အလက်တွေကို နှစ်ဖက်မြင်ပြီး အမှန်တရားအပေါ် အခြေခံကာ ဆင်ခြင်သုံးသပ်သင့်တယ်လို့ ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မျှဝေခြင်းသာ ဖြစ်ပါတယ်။
အားလုံးပဲ ဘေးကင်းချမ်းမြေ့ကြပါစေ။
တင်ပြသူ - Eiei Tar
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment