အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA ၏ အဆိုအရ အစ္စလာမ်မစ်တော်လှန်ရေး၏ အထွတ်အထိပ်ခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ သည် အီးဒ်ဒေဂရီးမ်ရေခွမ်း အခါသမယတွင် အကျဉ်းသား ၂၀၀၀ အား လွတ်ငြိမ်းခွင့်ပေးခြင်း သို့မဟုတ် ပြစ်ဒဏ်လျှော့ချရန် တရားစီရင်ရေး၏ တောင်းဆိုချက်ကို အတည်ပြု ခဲ့ပါတယ်။
ဤအစီရင်ခံစာအရ အီရန်တရားစီရင်ရေး၏ အကြီးအကဲ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဂိုလာန် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ မှ အစ္စလာမ်မစ်တော်လှန်ရေး၏ အထွတ်အထိပ်ခေါင်းဆောင် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ထံ ပေးပို့သော စာတစ်စောင်တွင် အကျဉ်းသား ၂၀၀၀ အား လွတ်ငြိမ်းခွင့်ပေးခြင်းနှင့် ထောင်ဒဏ်ကာလကို လျှော့ချပေးရန် တောင်းဆိုခဲ့ပြီး အအထွတ်အထိပ် ခေါင်းဆောင်က အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment