၇ ဇွန် ၂၀၂၆ - ၂၃:၂၄
အမေရိကန်က အီရတ်ကြယ်ပွင့်ကို ဖမ်းဆီးခြင်းကြောင့် ကိုယ့်ကိုယ်ကို ထိခိုက်စေသလို ဖြစ်နေ

ကမ္ဘာ့ဖလား မစတင်မီ အမေရိကန်နိုင်ငံတွင် အီရတ်အသင်းကြယ်ပွင့်ကို ဖမ်းဆီးထားသောကြောင့် အမေရိကန်၏ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှုအပေါ် မေးခွန်းထုတ်မှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews၏အစီရင်ခံစာအရ အီရတ်အမျိုးသားအသင်းကြယ်ပွင့် အိုင်းမန် ဟိုစိုင်းန် ကို အမေရိကန်သို့ ရောက်ရှိချင်းမှာပင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့သော အဖြစ်အပျက်သည် ယနေ့ (တနင်္ဂနွေနေ့) တွင် ကမ္ဘာ့ဖလားနှင့် ဆက်စပ်သည့် အဓိကသတင်းတစ်ခုအဖြစ် L’Equipe၊ AS ၊ Mundo နှင့် Reuters ကဲ့သို့သော နာမည်ကြီးမီဒီယာများတွင် ဖော်ပြခံရခဲ့ရပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ နာမည်ကြီး မီဒီယာအများစုက အထူးသဖြင့် မည်သည့်အကြောင်းပြချက်ကိုမျှ မပေးဘဲ ပြုလုပ်ခဲ့သည့် ထိုအရေးယူမှုကို ဝေဖန်ရှုတ်ချခဲ့ပြီး ကမ္ဘာ့ဖလား မစတင်မီ အမေရိကန်၏ အိမ်ရှင်အဖြစ် ဆောင်ရွက်မှုကို မေးခွန်းထုတ်လာကြပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ (ICE) သည် လအနည်းငယ်အတွင်း အမေရိကန်နိုင်ငံသား နှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည့် အမှုများကြောင့်လည်း ဝေဖန်မှုများ ခံနေရပြီး ကမ္ဘာ့ဖလားပွဲကို အမေရိကန်တွင် လာရောက်ကြည့်ရှုရန် စီစဉ်နေသူများအကြား စိုးရိမ်ပူပန်မှုများ ပိုမိုဖြစ်ပေါ်စေခဲ့ပါတယ်။

မနေ့က အိုင်းမန် ဟိုစိုင်းန် သည် ရှီကာဂို လေဆိပ်သို့ ရောက်ရှိချင်းမှာပင် အကြောင်းပြချက် မပေးဘဲ ၇ နာရီကြာ ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။ ထို့အပြင် အီရတ်အမျိုးသားအသင်း၏ ဓာတ်ပုံ သတင်း ထောက် တစ်ဦးလည်း ၁၂ နာရီကြာ ထိန်းသိမ်းခံခဲ့ရပြီး နောက်ဆုံးတွင် နိုင်ငံမှ ပြန်ပို့ခြင်း (deport) ခံခဲ့ရပါတယ်။

ဤအဖြစ်အပျက်သည် ကမ္ဘာ့ဖလား မစတင်မီ အမေရိကန်အစိုးရ၏ လုံခြုံရေးအရေးယူမှုများအပေါ် ဝေဖန်မှုများ ပိုမိုမြင့်တက်စေခဲ့ပြီး L’Equipe သတင်းစာက “ICE တပ်ဖွဲ့များသည် မည်သည့်ရှင်းလင်းချက်မှ မပေးဘဲ အီရတ် ကြယ်ပွင့်ကို ၇ နာရီကြာ ထိန်းသိမ်းခဲ့ပြီး ထိုအမှုသည် အမေရိကန်သို့ ဝင်ရောက်လာမည့် နိုင်ငံခြား ကစား သမားများ နှင့် ပရိသတ်များအတွက် စိုးရိမ်မှုများ တိုးလာစေသည်” ဟု ရေးသားခဲ့ပါတယ်။

AS သတင်းစာကလည်း အမေရိကန်အစိုးရ၏ အပြုအမူကို ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံတစ်ခုအနေဖြင့် မျှတသင့် သော အပြုအမူနှင့် မကိုက်ညီကြောင်း ဖော်ပြခဲ့ပါတယ်။

Mundo သတင်းစာကတော့ “အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးပြီး နာရီပေါင်းများစွာ ထိန်းသိမ်း” ဟု ခေါင်းစဉ်တပ်ကာ အမေရိကန် လုံခြုံရေးတပ်ဖွဲ့များ၏ အပြုအမူကို ဝေဖန်ခဲ့ပြီး “ကမ္ဘာ့ဖလား မစတင် သေးခင်ကတည်းက ICE ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုနှင့် နှောင့်ယှက်မှုများ စတင်နေပြီ” ဟု ရေးသားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha