အဲဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
ပျော်ရွှင်ဖွယ်အချိန်အခါများတွင် ပျော်ရွှင်စွာ ကျင်းပကြသကဲ့သို့ ဝမ်းနည်းပူဆွေးရသည့်အခါများတွင် ဝမ်းနည်းခြင်း သည် သဘာဝကျသော လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ ပညာရှိများနှင့် အသိဉာဏ်ရှိ သူများ အပါအဝင် လူမျိုးပေါင်းစုံကလည်း ဤသဘာဝလုပ်ရပ်ကို လက်ခံကြပါတယ်။ ကောင်းကင် ကျကျမ်းများ နှင့် ဘာသာတရားများအားလုံးကလည်း ဤသဘာဝလုပ်ရပ်ကို ထောက်ခံ၍ အတည်ပြုခဲ့ ကြပြီး ဖြစ် ပါတယ်။
ကမ္ဘာပေါ်ရှိ ခေတ်တိုင်း၌ ဘာသာတရားတိုင်းသည် မိမိတို့၏ အသက်ကြီးသူများကို ဂုဏ်ပြုကြသည်။ ဤအရာ သည် ပညာရှိများအတွက် နှစ်လိုဖွယ်ကောင်းသည့် အရာဖြစ်ပါတယ်။ သို့သော် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အလှည့် တွင် ဤနှစ်လိုဖွယ်ကောင်းသော အရာကို အဘယ်ကြောင့် ကန့်ကွက်ကြသနည်း? ဆိုလိုသည်မှာ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ မဇ်လူမီယသ်အပေါ် အောက်မေ့ခြင်း၊ ဝမ်းနည်းခြင်းတို့ကို အဘယ်ကြောင့် စောဒက တက်ကြ သနည်း?
အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ပြုလုပ်သည့် အဇါဒါရီ၊ မာသမ်တို့ကို အဘယ်ကြောင့် ဘေဒအတ်ဟု ဆိုကြ သနည်း? မည်သည့် အခြေခံနှင့် မည်သည့် အထောက်အထား သက်သေများပေါ်မူတည်၍ ထိုသို့ ပြောဆိုကြ သည်ကို လေ့လာရန် အရေးကြီးလာပါတယ်။
အဲဟ်လေ့ဘိုက်သ် (အ.စ) အတွက် အထူးသဖြင့် ဆယက်ဒ် ဒွတ်ရှ်ရှိုဟဒါအ် အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် အဇါဒါရီ ပြုလုပ်ခြင်း၊ မာသမ်ပြုလုပ်ခြင်းသည် တစ်နည်းအားဖြင့် အီမာမ် ဟိုစိုင်းန် (အ.စ) ၏ ရန်သူများနှင့် သတ်သူများ ကို ဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ၎င်းရာဇဝတ်သားများ၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန်၊ ကာကွယ် ရန် အတွက် တစ်ခါတစ်ရံ ဆူပူမှုဖြင့်၊ တစ်ခါတစ်ရံ အင်အားသုံး၍၊ တစ်ခါတစ်ရံ “အာဇာနည်သည် အသက်ရှင်နေသေးသည်” ဟု သံသယပွားစေခြင်းဖြင့်၊ တစ်ခါတစ်ရံ ဖသ်ဝါများဖြင့် တားဆီးရန် နည်း ဗျူဟာ အမျိုးမျိုးကို အသုံးပြုခဲ့ကြပါတယ်။
ဤအတွက်ကြောင့် မိမိ၏ ခေါင်းစဉ်အတိုင်း « မာသမ် (ရင်ထုခြင်း) ပြုခွင့်ရှိပါသလား? အဲဟ်လေ့စွန္နသ် (စွန္နီ) ကျမ်းများ တွင် မည်သူတွေက မာသမ်ပြုခဲ့ကြပါသနည်း? အဇါဒါရီပြုခဲ့ကြပါသနည်း? » ဟူသည့် အကြောင်း အရာဘက်သို့ လှည့်ကြည့်ရန် လိုအပ်လာပါတယ်။
ဟဇရသ် အာအေရှာသခင်မ ၏ တမန်တော်မြတ်ကြီး (ဆွ) ဝဖါသ်ဖြစ်သည့်အပေါ် မာသမ်ပြုခြင်း
ဟဇရသ် အာအေရှာသခင်မ က မိန့်တော်မူသည်။
« တမန်တော်မြတ်ကြီး (ဆွ) ဝဖါသ်ဖြစ်တော်မူသည့်အချိန် ကျမသည် ခေါင်းအုံးတစ်လုံးယူလာပြီး ကိုယ်တော် မြတ် (ဆွ) ၏ ခေါင်းတော်အောက်တွင် ထားလိုက်ပါသည်။ ထို့နောက် ကျမနှင့်အတူ အမျိုးသမီးတစ်ဦးက အော်ဟစ် ကြပါသည်။ ပြီးနောက် ခေါင်းနှင့် မျက်နှာကို ထုကြသည်၊ ရိုက်ကြသည်။ (တစ်နည်းအားဖြင့် မာသမ်ပြုကြပါသည်။) »
သတိပြုရန် - မိမိရင်ကို ထုခြင်း၊ ရိုက်ခြင်းကို မာသမ်ဟု ခေါ်ဆိုလျှင် ခေါင်းနှင့် မျက်နှာကို ထုခြင်း၊ ရိုက်ခြင်းသည် ၁၀၀ ရာခိုင်နှုန်း မာသမ်ဟု ခေါ်ရမည် ဖြစ်ပါတယ်။
စွန္နီကျမ်းကိုးများ —
- သွဗကာသ် အစ်ဗ်နေ စအ်ဒ်၊ အတွဲ ၂၊ စာမျက်နှာ ၂၂၉၊ ပုံနှိပ် အီဂျစ်
- သာရီးခ် သွဗရီ၊ အတွဲ ၃၊ စာမျက်နှာ ၉၉၁၊ ပုံနှိပ် အီဂျစ်
သွဗကာသ် အစ်ဗ်နေ စအ်ဒ်ကျမ်းနှင့် သာရီးခ် သွဗရီကျမ်း၏ မူရင်းစာမျက်နှာ scan များကိုလည်း တင်ပြ ထားပါသည်။
ဟဇရသ် အွန်စ်မာန်အတွက် အဇါဒါရီ
အေမာမ် ဇဟ်ဘီက မိမိ၏ ကျမ်း သာရီးခ် ခေအစ္စလာမ် တွင် ရေးသားထားသည်မှာ —
« မိုအာဝေယဟ် သည် ဟဇရသ် အွန်စ်မာန်၏ အဝတ်နှင့် ဖြတ်တောက်ခံထားရသည့် လက်ချောင်းများကို မင်ဗဲရ်ပေါ်တွင် ချိတ်ဆွဲထားသည်။ ထို့နောက် အချို့သော ရှာမ်း (ဆီးရီးယား) နိုင်ငံသားများက ကျိန်ဆိုကြသည်။ ကျိန်ဆိုချက်မှာ ဟဇရသ် အွန်မာန်အား သတ်ခဲ့သူများကို ပြန်မသတ်ရမချင်း သို့မဟုတ် မိမိတို့ အသတ်ခံရမည် မဖြစ်မချင်း အိပ်ယာပေါ်တွင် အနားယူမည်မဟုတ်၊ အိပ်မည်မဟုတ်၊ ထို့ပြင် မိမိတို့၏ ဇနီးများနှင့် လိင်ဆက် ဆံမည် မဟုတ်ဟု ဖြစ်သည်။ ထို့နောက် တစ်နှစ်တိတိ ငိုကြွေးခဲ့ကြပါသည်။ »
ကျမ်းကိုး —
- သာရီးခ် ခေအစ္စလာမ်၊ အတွဲ ၃၊ စာမျက်နှာ ၄၅၂၊ ပုံနှိပ် ဘေရွတ်
သတိပြုရန် - ဟဇရသ် အွန်စ်မာန်အတွက် တစ်နှစ်တိုင် ငိုကြွေးခဲ့လျှင် ဟရာမ် မဖြစ်၊ ဘေဒအသ် မဖြစ်လျှင်၊ တမန်တော်မြတ်ကြီးမိုဟမ္မဒ် (ဆွ) ၏ မြေးတော်ဖြစ်သည့် အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ငိုကြွေးခြင်းသည် မည်သို့ ဟရာမ်ဖြစ်မည်နည်း? ဘေဒအတ်ဖြစ်မည်နည်း?
သာရီးခ် ခေအစ္စလာမ်ကျမ်း၏ မူရင်းစာမျက်နှာ scan ကိုလည်း တင်ပြထားသည်။
ခါလစ်ဘင်န် ဝလီဒ်အတွက် ၇ ရက်တိုင် မာသမ်ပြုခြင်း
ရဝီတစ်ဦးက တင်ပြထားသည်မှာ လူများအနေဖြင့် နောင်ဟဟ်ဖတ်ခြင်းကို ဟဇရသ် အိုမရ်က တားမြစ်ခဲ့သည်ဟု ဆိုခြင်းမှာ အံ့သြစရာဖြစ်ပါသည်။ အကြောင်းမှာ ခါလစ်ဘင်န် ဝလီဒ် သေဆုံးသွားသည့် မက္ကဟ်မြို့နှင့် မဒီနာမြို့မှ ဘနီမိုဂိုင်ရဟ် အမျိုးသမီးများသည် ၇ ရက်တိုင် မာသမ်ပြုခဲ့ကြပါသည်။ ၎င်းတို့သည် မိမိတို့၏ ရင်များကို ရိုက်ထုခဲ့ကြပါသည်။ အင်္ကျီလည်ပင်းများကို စုတ်ဖြဲကြသည် သို့မဟုတ် ကြယ်သီးများကို ဖြုတ်ခဲ့ကြသည်။ ထို့နောက် နဇ်ရ်နယာဇ် ပြုကြပါသည်။ ဤသို့ နောင်ဟဟ်ဖတ်ခြင်းနှင့် မာသမ်ပြုခြင်းကို ဟဇရသ် အိုမရ်က လုံးဝ မတားမြစ်ခဲ့ပေ။
ကျမ်းကိုး — မူရင်းစာမျက်နှာ scan ကို တင်ပြထားသည်။
ရှီအဟ်မုန်းတီးရေးကို မြတ်အလ္လာဟ် ပယ်ဖျက်ပေးတော်မူပြီး အမှန်တရားနှင့် အရှိတရားကို မြင်နိုင်စွမ်း၊ လက်ခံနိုင်စွမ်း ရရှိကြပါစေ။




++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment