အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ အီရန်ဗဟိုဘဏ်၏ နိုင်ငံတကာရေးရာ ဒုတိယညွှန်ကြားရေးမှူး အဘူလ်ဖဇ်လ် ကိုဒဟ်အီ သည် တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင် ကျင်းပသော နှစ်ရက်ကြာ အတိုင်ပင်ခံ အစည်း အဝေးသို့ တက်ရောက်ခဲ့ပြီး SCO အဖွဲ့ဝင်နှင့် စောင့်ကြည့်သူနိုင်ငံများမှ ကိုယ်စားလှယ်များသည် အဆိုပြုထား သောဘဏ်၏ နည်းပညာ၊ အုပ်ချုပ်ရေးနှင့် လက်တွေ့ကျသော ရှုထောင့်များကို ဆွေးနွေးခဲ့ကြပါတယ်။
အီရန်ဗဟိုဘဏ်၏ အဆိုအရ အစည်းအဝေးတွင် ဘဏ်တည်ထောင်ခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် အရေးကြီး သော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး အီရန်ကိုယ်စားလှယ်အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွား ရေးနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စေရန် လက်တွေ့ကျသော အဆိုပြုချက်များ စွာကို လည်း တင်ပြခဲ့ပါတယ်။
အီရန်နိုင်ငံသည် SCO ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ အကြား စီးပွားရေးဆက်ဆံရေးကို ခိုင်မာစေရန် စိတ်အားထက်သန်ကြောင်း Abolfazl Kodei က ပြောကြားခဲ့ ပါတယ်။
ဘဏ်အသစ်၏ အရင်းအနှီးဖွဲ့စည်းပုံတွင် အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားငွေကြေးများ ပါဝင်သင့်ပြီး ငွေကြေး လွှဲပြောင်းမှုများ အတွက် လွတ်လပ်ပြီး အခြားရွေးချယ်စရာစနစ်တစ်ခု တည်ထောင်သင့်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။
ပြီးခဲ့သည့် မေလက ကာဂျစ္စတန်နိုင်ငံတွင် ကျင်းပခဲ့သော အစည်းအဝေးတစ်ခုအတွင်း အီရန်နိုင်ငံသည် ရှန်ဟိုင်း ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တစ်ခု တည်ထောင်ရန်လည်း အဆိုပြုခဲ့ကြောင်း သတိပြု သင့်ပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများမှာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အီရန်၊ ပါကစ္စတန်၊ ကာဇက် စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ဘီလာရုစ်တို့ ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment