အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ ယာယီ ကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မဂျစ်ဒ် အစ်ဗ်နိုရ်ရေဇာ က နိုင်ငံ၏ကာကွယ်ရေး၊ ဒုံးကျည်နှင့် ဒရုန်းစွမ်းရည်များသည် အမျိုးသားလုံခြုံရေး၏ အနီရောင်မျဉ်းတစ်ကြောင်းဖြစ်ပြီး ယခု သို့မဟုတ် အနာဂတ် တွင် ဤကိစ္စ အပေါ် ဆွေးနွေး ညှိနှိုင်းမှုများ ရှိမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြား ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး မဂျစ်ဒ် အစ်ဗ်နိုရ်ရေဇာ က မိမိ ၏ X လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက် တစ်ခုတွင် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ မကြာသေးမီက ကျူးကျော်မှု ၊ ၎င်း၏ရလဒ်များနှင့် လွှတ် တော် အမတ်များနှင့် တွေ့ဆုံစဉ် ရရှိခဲ့သော အတွေ့အကြုံများအကြောင်း အသေး စိတ်ရှင်း လင်း ပြောကြား ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
မကြာသေးမီက အခြေအနေသည် အီရန်၏ကာကွယ်ရေးစွမ်းအားကို ပိုမိုအားကောင်းစေရန် လိုအပ်ကြောင်း ၎င်းက မီးမောင်းထိုး ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံသည် ပြည်တွင်းစွမ်းရည်များ၊ အမျိုးသားအရင်းအမြစ်များနှင့် အဆင့်မြင့်ပြည်တွင်းနည်းပညာများကို အခြေခံ၍ မိမိ ၏ကာကွယ်ရေးလုပ်ငန်းကို ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး အမျိုး သား လုံခြုံရေးနှင့်သက်ဆိုင်သည့် အဓိကစွမ်းရည်များအပေါ် မည်သည့်အလျှော့ပေးမှုမျှ ပြုလုပ်မည် မဟုတ် ကြောင်း ယာယီကာကွယ်ရေးဝန်ကြီးက အလေးပေးပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment