၃ ဇူလိုင် ၂၀၂၆ - ၁၂:၅၂
အီရန်ကြက်ခြေနီ အသင်း ၏ ကျိန်ဆိုချက် + ဗီဒီယို

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ ကြက်ခြေနီ အသင်း က ပြည်သူများနှင့် အမိ မြေနှင့်ဒေသအတွက် နှစ်လေးဆယ်ကြာ စိတ်ရင်းမှန်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အာဇာနည်ခေါင်းဆောင် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ စျာပန အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်များအား ဝန်ဆောင်မှုပေးရန် စိတ်ရောကိုယ်ပါ စေတနာအပြည့် ဖြင့် နောက်ဆုံးထွက်သက်အထိ အစီအစဥ် ၏ အခက်အခဲအားလုံးကို ကြံ့ကြံ့ခံသွားမည်ဟုလည်း ကျိန်ဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews၏အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ ကြက်ခြေနီ အသင်း ၏ အကြီးအကဲ ပီးရ်ဟိုစိုင်းန် ကိုလီဝန် ရှေ့မှောက်တွင် အာဇာနည်ခေါင်းဆောင်၏ ဇေယာရသ် ပြုသူများ အား အနှောင့် အယှက်မရှိဘဲ မိမိတို့ အသက်စတေးရသည်အထိ ဝန်ဆောင်မှုပေးရန် စေတနာ့ဝန်ထမ်း ဖြစ်ကြောင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။

အီရန် ကြက်ခြေနီ အသင်း ထဲမှ တစ်ဦးက ပြည်သူများနှင့် အမိ မြေနှင့်ဒေသအတွက် နှစ်လေးဆယ်ကြာ စိတ်ရင်းမှန်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ယနေ့တွင် အီရန် ကြက်‌ခြေနီ သည် အာဇာနည်ခေါင်းဆောင်၏ ဈာပန နှင့် နှုတ်ဆက်ပွဲသို့ တက်ရောက်လာသော ဧည့်သည်များအား ဝန်ဆောင်မှုပေးရန် စိတ်ရောကိုယ်ပါ စေတနာအပြည့် ဖြင့် နောက်ဆုံးထွက်သက်အထိ အစီအစဥ် ၏ အခက်အခဲအားလုံးကို ကြံ့ကြံ့ခံသွားမည်ဟုလည်း ကျိန်ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး “ကျွန်ုပ်တို့သည် မိုဆွလာယေ အေမာမ် ခိုမေနီ (ရ.ဟ) တွင် အစွမ်းကုန် နေရာယူအသင့် အနေအထား ရှိနေပြီး မိမိ တို့ ပေးခဲ့သော ကတိနှင့် ကျမ်းသစ္စာဖြင့် ဇေယာရသ် ပြုသူများ ၏ စိုးရိမ်ပူပန်မှုများကို လျှော့ချပြီး ဤနှုတ်ဆက်ပွဲအခမ်းအနားကို လုံးဝငြိမ်းချမ်းစွာ ကျင်းပနိုင်ရန် နောက်ဆုံးအချိန်အထိ ကျွန်ုပ်တို့ ရှိနေမည်ဟု အာမခံကြောင်း” ပြောဆိုခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha