အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကြမ်းဖက် အမေရိကန်နှင့် အကြမ်းဖက် အစ္စရေးတို့သည် အီရန် အစ္စလာမ်မစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေစဉ် ယောက်ျားမပီသစွာ၊ လူသားမဆန်စွာ ၊ သတ္တိမဲ့စွာဖြင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီနှင့် မိသားစုဝင်များ၊ စစ်ဗိုလ်ချုပ်ကြီး များနှင့် ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။
ထိုကြောင့် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) နှင့် မိသားစုဝင် ရှဟီးဒ်များ မှာအောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ဆယက်ဒ် အလီဟိုစိုင်းန်နီ ခါမေနာအီ
အစ္စလာမ့် ကမ္ဘာ၏ ခေါင်းဆောင်ကြီး
၂။ ဆယက်ဒ်ဒဟ် ဘုရှရာ ဟိုစိုင်းန်နီ ခါမေနာအီ
ခေါင်းဆောင်ကြီး၏ သမီး၊ ဆရာမနှင့် သင်ကြားရေးဆရာ
၃။ ဇဲဟ်ရာ မိုဟမ္မဒ်ဒီ ဂိုလ်ဗိုင်းဂါနီ
ခေါင်းဆောင်ကြီး၏ မြေးမလေး
၄။ ဇဲဟ်ရာ ဟဒါဒ် အာဒေလ်
ခေါင်းဆောင်ကြီး၏ ချွေးမ၊ ပညာရှင် (ဆရာမ) နှင့် ဘာသာရေးလုပ်ငန်းဆောင်ရွက်သူ ၊ လက်ရှိ ရဲဟ်ဗရ် အင်န် ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ ဇနီး
၅။ မစ်ဆ်ဗါဟ် ဟိုလ်ဟိုဒါ ဘာကဲရ်ရီ
ခေါင်းဆောင်ကြီး၏ သမက်၊ တက္ကသိုလ် ပါမောက္ခ နှင့် တက္ကသိုလ်သင်ကြားရေးဌာနအဖွဲ့ဝင်တို့ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment