အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ အီရန် တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟာသမီက အာဇာနည် အေမာမ် ခါမေနာအီ လုပ်ကြံမှုအတွက် တာဝန်ရှိသူများသည် ၎င်းတို့၏ ရာဇဝတ်မှု၏ အကျိုးဆက်များမှ ဘယ်တော့မှ လွတ်မြောက်မည်မဟုတ်ကြောင်းနှင့် အီရန်နိုင်ငံသည် ၎င်းတို့ကို နောက်ဆုံးအချိန်အထိ ဆက်လက် လိုက်လံရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အာဇာနည် အေမာမ်ခါမေနာအီ ၏ နောက်ဆုံးနှုတ်ဆက် စျာပန အခမ်းအနားတွင် သတင်းထောက်များနှင့် စကားပြောဆိုရာတွင် ဗိုလ်ချုပ်ကြီး ဟာသမီက အာဇာနည် ခေါင်းဆောင်ကြီး သည် ဂုဏ်သိက္ခာ၊ လွတ်လပ် ရေး နှင့် အမျိုးသားဂုဏ်သိက္ခာအတွက် လမ်းကြောင်းကို ချမှတ်ပေးခဲ့ပြီး အီရန် လက်နက်ကိုင်တပ်ဖွဲ့များသည် ကြီးမား သော အာဏာပိုင် ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ ၏ ဦးဆောင်မှု အောက်တွင် တွန့်ဆုတ် မှုမရှိဘဲ အပြည့်အဝ လေးနက်မှု၊ ခိုင်မာမှုဖြင့် ဤလမ်းကြောင်းကို ဆက်လက် လိုက်လံသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံသည် ၎င်းတို့၏ အာဇာနည် အေမာမ် ခါမေနာအီကို သတ်ဖြတ်ခဲ့သူများအား မည်သည့်အခါမျှ လက်လွှတ်မည်မဟုတ်ကြောင်း၊ ၎င်းတို့အပေါ် တရားမျှတမှု ရရှိစေရန် ကြိုးပမ်းမှုကိုလည်း နောက်ဆုံးအထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဟာသမီက ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment