၆ ဇူလိုင် ၂၀၂၆ - ၁၄:၄၄
အာဇာဒီရင်ပြင်မှ ရှဟီးဒ်လက်ရှ်ကာရီ အဝေးပြေးလမ်းမကြီးသို့ အာဇာနည် ခေါင်းဆောင်ကြီး ၏ ရုပ်က လာပ်တော် ရောက်ရှိ + ဓာတ်ပုံများ

အစ္စလာမ်မစ်တော်လှန်ရေး၏ ခေါင်းဆောင်ကြီး အာဇာနည် ၏ ရုပ်ကလာပ်တော် ကို လိုက်ပါပို့ဆောင်သည့် လူထုသည် အာဇာဒီရင်ပြင် (လွတ်လပ်ရေးရင်ပြင်) မှ ရှဟီးဒ် လက်ရှ်ကာရီ အဝေးပြေးလမ်းမကြီးသို့ ရောက်ရှိ လာခဲ့ပါတယ်။အာဇာဒီရင်ပြင်မှ ထွက်ခွာပြီးနောက် ရုပ်ကလာပ်တော် ကို စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း ဆက်လက်ပို့ ဆောင်မည်ဖြစ်ပြီး လာမည့်နာရီများအတွင်း ဈာပနအခမ်းအနားကို နမာဇ် ဇေမဂ်‌ရိဗ်ဗိုင်း မတိုင်ခင် အထိ ဆက်လက် ကျင်းပသွား မည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews၏အစီရင်ခံစာအရ အစ္စလာမ်မစ်တော်လှန်ရေး၏ ခေါင်းဆောင်ကြီး ဈာပနအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် တီဟီရန်မြို့၌ စတင်ကျင်းပခဲ့ပြီး နံနက်အစောပိုင်းကတည်းက အခမ်းအနားကျင်းပရာ လမ်းကြောင်း များ တွင် ဝမ်းနည်းကြေကွဲသူများဖြင့် ပြည့်နှက်နေခဲ့ပါတယ်။

အစ္စလာမ်မစ် ဝါဒဖြန့်ချိရေး ညှိနှိုင်းရေးကောင်စီ၏ အဆိုအရ အခမ်းအနား၏ အဓိကလမ်းကြောင်းမှာ ဒါမာဗန်လမ်း၊ အေမာမ်ဟိုစိုင်းန်(ဤ.စ) ရင်ပြင်၊ အင်န်ကေလာဗ် ရင်ပြင်၊ အာဇာဒီရင်ပြင်နှင့် ရှဟီးဒ် လက်ရှ်ကာရီ လမ်းတို့ ဖြစ်ပြီး အဓိကလမ်းကြောင်းနှင့် ဆက်သွယ်ထားသည့် လမ်းဆုံများအားလုံးကိုလည်း ဈာပန အခမ်းအနား အတွက် သတ်မှတ်ထားပါတယ်။

အာဇာဒီရင်ပြင်မှ ရှဟီးဒ်လက်ရှ်ကာရီ အဝေးပြေးလမ်းမကြီးသို့ အာဇာနည် ခေါင်းဆောင်ကြီး ၏ ရုပ်က လာပ်တော် ရောက်ရှိ + ဓာတ်ပုံများ

ဈာပနလမ်းကြောင်းတစ်လျှောက်တွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ အလံများ၊ ခေါင်းဆောင်ကြီး ၏ ဓာတ်ပုံများ၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် အလံများနှင့် ဂုဏ်ပြုကမ္ပည်းစာများကို ကိုင်ဆောင်ထားသည့် လူထုအများအပြားကို တွေ့မြင်ရပါတယ်။ ၎င်းတို့သည် ခေါင်းဆောင် အေမာမ် အား ဂါရဝပြုသည့်အနေဖြင့် ငိုကြွေးမြည်တမ်းခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်ခြင်းနှင့် ကြွေးကြော်သံများ ဟစ်ကြွေးခြင်းတို့ဖြင့် နောက်ဆုံးနှုတ်ဆက်ခဲ့ကြပါတယ်။

အာဇာဒီရင်ပြင်မှ ရှဟီးဒ်လက်ရှ်ကာရီ အဝေးပြေးလမ်းမကြီးသို့ အာဇာနည် ခေါင်းဆောင်ကြီး ၏ ရုပ်က လာပ်တော် ရောက်ရှိ + ဓာတ်ပုံများ

ထို့အပြင် လမ်းတစ်လျှောက်တွင် လူထုဝန်ဆောင်မှုအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများက ဝမ်းနည်း ကြေကွဲသူများအား လိုအပ်သည့် ဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိပြီး ကယ်ဆယ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ် ရေးဆိုင်ရာ တာဝန်ရှိအဖွဲ့များကလည်း အခမ်းအနားကို စနစ်တကျ ကျင်းပနိုင်ရေးအတွက် စီမံ ဆောင်ရွက် လျက်ရှိ ကြောင်း သိရပါတယ်။

အာဇာဒီရင်ပြင်မှ ရှဟီးဒ်လက်ရှ်ကာရီ အဝေးပြေးလမ်းမကြီးသို့ အာဇာနည် ခေါင်းဆောင်ကြီး ၏ ရုပ်က လာပ်တော် ရောက်ရှိ + ဓာတ်ပုံများ

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha