အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehrသတင်းဌာန၏အစီရင်ခံစာအရ ဗိုလ်ချုပ်ကြီး အလီအယ်လ်ဟမ်ဒါနီ သည် သက်ဆိုင်ရာ လုံခြုံရေး တပ်မှူးများ နှင့် အဆင့်မြင့်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါအစည်းအဝေးတွင် အခမ်းအနားအတွင်း ပါဝင်ဆောင်ရွက်မည့် အဖွဲ့အစည်းများအကြား လုပ်ငန်း တာဝန်များကို ခွဲဝေချထားခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို အပြီးသတ်ညှိနှိုင်းခဲ့ကြပါတယ်။
“ကျနော်တို့အနေနဲ့ လုံခြုံရေးနယ်ပယ်အသီးသီးမှာ တာဝန်ရှိသူအားလုံးကို စည်းကမ်းတင်းကျပ်စွာ လိုက်နာဖို့၊ အချိန်မရွေး တုံ့ပြန်နိုင်စေဖို့ အသင့်အနေအထားရှိနေဖို့နဲ့ ပေးအပ်ထားတဲ့ တာဝန်တွေကို အပြည့် အဝကျေပွန် အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်” ဟု ဗိုလ်ချုပ်ကြီး အလီအယ်လ်ဟမ်ဒါနီ ကဆက်လက် ပြောကြား ခဲ့ပါတယ်။
အဆိုပါ လုံခြုံရေးအစီအမံများကို စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲမှုဌာန၊ ရဲတပ်ဖွဲ့၊ အခြားသော လုံခြုံရေးအေဂျင်စီများနှင့် သန့်ရှင်းသည့်ရောင်ဇာတော်များ ၏ အုပ်ချုပ်ရေးအဖွဲ့တို့နှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။
အခမ်းအနား၏ အရေးပါမှုနှင့် ထိလွယ်ရှလွယ်မှုကို ထည့်သွင်းစဉ်းစားလျက် ပါဝင်တက်ရောက်သူအားလုံး၏ ဘေးကင်းလုံခြုံရေးကို အာမခံချက်ရှိစေရန်နှင့် ဈာပနအခမ်းအနားကို အနှောင့်အယှက်ကင်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရန် ပြည့်စုံသော အစီအစဉ်များ ချမှတ်ထားကြောင်း ဗိုလ်ချုပ်ကြီး အလီအယ်လ်ဟမ်ဒါနီ က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဟရှ်ဒိုရှ်ရှအ်ဘီ တပ်ဖွဲ့၏ တပ်သား ၃သောင်း က ဤစျာပန အခမ်းအနား ၏ လုံခြုံရေး အတွက် တာဝန် ထမ်း ဆောင် မှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် အီရတ် ပြည်သူများ နှင့် အစိုးရ သည် အာဇာနည် ခေါင်းဆောင်ကြီး ၏ ကျေးဇူးကို သိတတ်ကြ ခြင်းလည်းဖြစ်ပါတယ်။ အကြောင်း မှ အာဇာနည် ခေါင်းဆောင်ကြီး ၏ အမိန့်အရ အိုင်အက်စ် အိုင်အက်စ် အကြမ်းဖက် သမားများ လက်မှ လွတ်မြောက် ဗိုလ်ချုပ်ကြီး ရှဟီးဒ် ဆိုလိုင်းမါနီ (ရ.ဟ) မှ တိုက်ထုတ်ပေးခဲ့သည့် အတွက်ကြောင့်ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment