အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယီမင်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဇူလိုင်လ ၈ရက်နေ့ ၂၀၂၆ခုနှစ် (ဗုဒ္ဓဟူးနေ့) ထုတ်ပြန်သော ကြေညာချက်တွင် အမေရိကန်က အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ နယ်မြေအပေါ် တိုက်ခိုက်ခဲ့ခြင်းသည် ဝါရှင်တန် အစိုးရ ၏ ရာဇဝတ်ဆန်သော သဘောထားကို ထင်ရှားစွာ ပြသနေကြောင်း အလေးပေး ဖော်ပြခဲ့ပါတယ်။
ယီမင်က ယင်းတိုက်ခိုက်မှုများသည် အမေရိကန်နှင့် ဇီယွန်နစ်တို့၏ ကတိဖောက်ဖျက်ခြင်းနှင့် ကတိ ကဝတ်များ ကို ချိုးဖောက်ခြင်းသည် ၎င်းတို့၏ ခွဲမရသော အကျင့်စရိုက်ဖြစ်ကြောင်း ထပ်မံ သက်သေပြနေသည်ဟု ဆိုကာ အမေရိကန် စစ်အခြေစိုက်စခန်းများကို လက်ခံထားသော အာရပ်နိုင်ငံများအား သတိပေးခဲ့ပါတယ်။
ဆနအာ ကလည်း ထိုနိုင်ငံများသည် ယင်းလုပ်ရပ်ကြောင့် ဆက်လက်၍ အန္တရာယ်များနှင့် ထိခိုက်နစ်နာမှုများကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ထိုနိုင်ငံများ၏ အုပ်ချုပ်သူများသည် မိမိတို့ပြည်သူများ၏ ကံကြမ္မာနှင့် နိုင်ငံ၏ အနာဂတ်ကို ဇီယွန်နစ် ရာဇဝတ်သားများ၏ လက်ထဲသို့ အပ်နှံထားကြောင်း ပြောကြားခဲ့ပါတယ်။
ဖော်ပြထားသည့်အတိုင်း အမေရိကန်တပ်ဖွဲ့များသည် မနေ့ည သန်းခေါင်ကျော်မှစတင်၍ အီရန်နိုင်ငံတောင်ပိုင်းရှိ ဒေသအချို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ထို့နောက် အီရန်၏ လက်နက်ကိုင်တပ်ဖွဲ့များက အမေရိကန်သည် အစ္စလာမ်အာဘတ် သဘောတူညီချက် ကို ချိုးဖောက်ခဲ့သည်ဟု ဆိုကာ တုံ့ပြန်သည့်အနေဖြင့် ဘာရိန်းရှိ ပဉ္စမရေတပ်ဒေသ၏ အရေးပါသော စစ်ရေးအဆောက်အအုံများနှင့် ကူဝိတ်နိုင်ငံရှိ အလီ အလ်စာလင်မ် လေတပ်အခြေစိုက်စခန်း အပါအဝင် နေရာ ၈၅ ခုကို ခိုင်ဗရ်ရှေကန် တာဝေးပစ်ဒုံးကျည်များ၊ ဇိုလ်ဖေကာရ် အလယ်အလတ်ပစ်ဒုံးကျည်များနှင့်ဖါသေဟ် -110 အနီးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြ ထား ပါတယ်။
ယီမင်က အမေရိကန်အပေါ် မှီခိုနေသော အာရပ်နိုင်ငံများသည် အခြားနိုင်ငံများ၏ ကိုယ်စားဆောင်ရွက်နေသည့် အနေအထားမှ ထွက်ခွာသင့်ကြောင်း၊ ယင်းလမ်းစဉ်သည် ၎င်းတို့အတွက် ရှုံးနိမ့်မှုနှင့် ဆုံးရှုံးမှုများသာ ယူဆောင် လာမည် ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
ယီမင်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်ပြည်သူများ၊ အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ကြံ့ခိုင်မှုနှင့် တည်ကြည်မှု ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး၊ အီရန်သည် ရန်သူတို့၏ အကြံအစည်များအားလုံးကို ရိုက်ချိုး ဖျက်ဆီး ပစ်မည့် ကျောက်ဆောင်တစ်ခုကဲ့သို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နောက်ဆုံးတွင် ယီမင်က အခြေအနေအဆင့်တိုင်းနှင့် ဖြစ်ပေါ်လာသည့် အပြောင်းအလဲအားလုံးတွင် အီရန်နှင့် အတူ ရပ်တည်သွားမည်ဖြစ်ပြီး အီရန်အား ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment