၁၁ ဇူလိုင် ၂၀၂၆ - ၁၆:၅၈
အမေရိကန်နှင့် ဆွေးနွေးရန် မတောင်းဆိုခဲ့ကြောင်း အီရန်ငြင်းဆို၊ သဘောတူညီချက်များကို ဝါရှင်တန် အကြိမ်ကြိမ် ချိုးဖောက်နေဟု အီစ္စမာအီ ဗကာအီ  ပြောကြား

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က အီရန်သည် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်း ရန် မည်သည့်တောင်းဆိုမှုမျှ မပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ဝါရှင်တန်အစိုးရသည် သဘောတူညီချက်များကို အကြိမ်ကြိမ် ချိုးဖောက်လျက်ရှိကြောင်းပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က အီရန်သည် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုထားသည်ဆိုသည့် သတင်းများကို ငြင်းဆိုကာ အီရန်ဘက်မှ ထိုသို့သော တောင်းဆိုမှုမျိုး မပြုလုပ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

၎င်းက အီရန်သည် အမြဲတမ်း တာဝန်ယူမှုရှိသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး ဒေသတွင်း ကြားဝင်ဖျန်ဖြေသူတစ်ဦး၏ အီရန်နိုင်ငံသို့ လာရောက်လိုသည့် တောင်းဆိုချက်နှင့် လက်ရှိအခြေအနေများအပေါ် အမြင်ချင်းဖလှယ်လိုသည့် ကမ်းလှမ်းချက်ကိုမူ ပယ်ချခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။

အီစ္စမာအီ ဗကာအီ ၏ ပြောကြားချက်အရ ယင်းခရီးစဉ်ကို ယနေ့ မရှ်ဟဒ် မြို့၌ ပြုလုပ်ခဲ့ပြီး အီရန် တာဝန်ရှိသူများက ကာတာဘက်မှ ကိုယ်စားလှယ်များအား အီရန်၏ ရပ်တည်ချက်နှင့် အမြင်များကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် အီစ္စမာအီ ဗကာအီ က အမေရိကန်၏ ကတိကဝတ်များကို မလိုက်နာခြင်းမှာ အသစ်အဆန်း မဟုတ်ဘဲ ကာလရှည်ကြာ ဖြစ်ပေါ်နေသည့် အလေ့အထတစ်ခုဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တွင်လည်း အမေရိကန်အစိုးရသည် အကြောင်းပြချက်အမျိုးမျိုးဖြင့် သဘောတူညီချက်များကို ချိုးဖောက်ခဲ့ကြောင်း၊ လက်ရှိအစိုးရသည်လည်း မိမိတို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာ (Memorandum of Understanding) ကို လက်မှတ်ရေးထိုးပြီး ၂၂ ရက်သာ ရှိသေးချိန်တွင်ပင် ချိုး ဖောက်နေ ကြောင်း အီစ္စမာအီ ဗကာအီ ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha