၁၃ ဇူလိုင် ၂၀၂၆ - ၀၁:၂၆
အမေရိကန်၏ HIMARS ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဒုံးကျည်ကွန်တိန်နာများကို ကူဝိတ်တွင် ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်

အီရန်အစ္စလာမ်မစ် အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) က မိမိ တို့၏ ထိရောက်မှုအခြေပြု စစ်ဆင် ရေးများ ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာတွင် တိကျသေချာသော ဒရုန်းစစ်ဆင်ရေးတစ်ရပ်ဖြင့် ကူဝိတ်နိုင်ငံ ရှိ အမေရိကန်၏ HIMARS မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်ပစ်လွှတ်စင်များနှင့် ၎င်းတို့နှင့်အတူရှိ ဒုံးကျည် ကွန်တိန်နာများ ကို ပစ်မှတ်ထား ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ အဆိုပါ လက်နက် စနစ်များသည် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်ရန် အသင့်အနေအထားတွင် ရှိနေခဲ့သည်ဟု ဆိုပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Fars သတင်းဌာန၏ အဆိုအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိရောက် မှုအခြေပြု စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်နေစဉ်အတွင်း IRGC သည် ကူဝိတ်ရှိ အမေရိကန်၏ HIMARS မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်ပစ်လွှတ်စင်များကို တိကျသော ဒရုန်းတိုက်ခိုက်မှုဖြင့် ထိမှန်စေခဲ့ကြောင်း ဖော်ပြ ထား ပါတယ်။

အဆိုပါ စစ်ဆင်ရေးတွင် အီရန်ဘက်သို့ ပစ်ခတ်ရန် အသင့်ပြင်ဆင်ထားသည်ဟု ဆိုသော ပစ်လွှတ်စင်များနှင့် ၎င်းတို့၏ ဒုံးကျည်ကွန်တိန်နာများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။

ထို့အပြင် တရားဝင်အတည်မပြုရသေးသော သတင်းရင်းမြစ်အချို့၏ အဆိုအရ ယင်းစစ်ဆင်ရေးအတွင်း အမေရိကန် အရာရှိ ၃ ဦး သေဆုံးခဲ့ပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

သတင်းတွင် ဆက်လက်ဖော်ပြထားသည်မှာ မကြာသေးမီရက်များအတွင်းနှင့် “ရမ်ဒွါန်စစ်ပွဲ” ဟု ခေါ်ဆိုထားသော ကာလအတွင်း အမေရိကန်၏ တာတိုပစ် HIMARS ဒုံးကျည်များသည် အီရန်တောင်ပိုင်း ကမ်းရိုးတန်းဒေသရှိ နေရာအချို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဖြစ်ပါတယ်။

စစ်ရေးကျွမ်းကျင်သူများက CENTCOM နှင့် ပင်လယ်ကွေ့ဒေသနိုင်ငံများရှိ ဒေသခံပြည်သူများ ထုတ်ပြန်ထား သော ဓာတ်ပုံများကို ကိုးကား၍ အဆိုပါလက်နက်စနစ်များကို အမေရိကန်စစ်အခြေစိုက်စခန်းများ ပြင်ပ၌ အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း၊ ယင်းသည် ကူဝိတ်၊ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကာတာတို့က မိမိတို့၏ နယ်မြေကို အသုံးပြုခွင့်ပေးခြင်းနှင့် အမေရိကန်၏ အီရန်အပေါ် တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်း၏ ထင်ရှားသော သက်သေအဖြစ် ယူဆကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha