၁၃ ဇူလိုင် ၂၀၂၆ - ၂၃:၄၆
News ID: 1839880
အဗ်နာ ။ ။ ကာတာနိုင်ငံသား ရာနှင့်ချီနှင့် ကာတာအစိုးရ တာဝန်ရှိသူများသည် ဒိုဟာမြို့ရှိ မိုဟမ္မဒ် ဘင်န် အဗ်ဒိုလ်ဝဟာဗ် ဗလီဝတ်ကျောင်းတော် တွင် စုဝေးကာ ကာတာနိုင်ငံ၏ ယခင်အမီးရ် ရှိတ်ခ် ဟာမဒ် ဘင်န် ခလီဖာ အလ်စာနီ ၏ ဈာပန နှင့် သင်္ဂြိုဟ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါတယ်။ တနင်္ဂနွေနေ့တွင် ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားသို့ မိသားစုဝင်များ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံရေးခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ ရှိတ်ခ် ဟာမဒ် ဘင်န် ခလီဖာ အလ် စာနီ ကွယ်လွန်သွားကြောင်းကို ကာတာနိုင်ငံ၏ တရားဝင်သတင်းအေဂျင်စီက ထုတ်ပြန်ကြေညာခဲ့သော်လည်း ကွယ်လွန်ရသည့် အကြောင်းရင်းကိုမူ ထုတ်ဖော် ကြေညာခြင်း မရှိခဲ့ချေ။
Your Comment