၂၂ ဇူလိုင် ၂၀၂၆ - ၂၃:၃၉
တောင်ကိုရီးယား - တိုက်ကွမ်ဒို ချန်ပီယံရှစ်တွင် အီရန်အမျိုးသမီးအားကစားသမား ရွှေတံဆိပ်ဆွတ်ခူး

အီရန်အမျိုးသမီးအသင်းသည် ကိုရီးယားအိုးပင်း အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒိုချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၁) ခုနှင့် ကြေးတံဆိပ် (၃) ခု စုစုပေါင်း ဆုတံဆိပ် (၅) ခု ရရှိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အီရန်အားကစားသမား ဟင်နာ ဇာရင် ကမာ သည် ကိုရီးယားအိုးပင်း အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒိုချန်ပီယံရှစ် ဗိုလ်လုပွဲတွင် ချက်သမ္မတနိုင်ငံမှ ပြိုင်ဘက်ကို အနိုင်ယူကာ ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အမျိုးသမီးပြိုင်ပွဲများကို တောင်ကိုရီးယားနိုင်ငံ ချွန်းချွန်း မြို့တွင် ကျင်းပခဲ့ပြီး အားကစားသမား ၂၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အီရန်အမျိုးသမီးအသင်းသည် ပြိုင်ပွဲတွင် စုစုပေါင်း ဆုတံဆိပ် (၅) ခု ရရှိခဲ့ပြီး ယင်းတွင် ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၁) ခုနှင့် ကြေးတံဆိပ် (၃) ခု ပါဝင်ပါတယ်။

ဟင်နာ ဇာရင် ကမာက အီရန်အတွက် တစ်ခုတည်းသော ရွှေတံဆိပ်ကို ဆွတ်ခူးပေးခဲ့ပြီး၊ နာဟစ် ကီယာနီ က ငွေတံဆိပ် ရရှိခဲ့ပါတယ်။ ဆိုင်နာ ကရီမီ ၊ ဆာဂါ မိုရာဒီ နှင့် ဘာရန် နေမာတီ တို့က ကြေးတံဆိပ်များ ရရှိခဲ့ ကြပါတယ်။

အခြားတစ်ဖက်တွင် ရိုဇဟန် ဂိုဒါဇီ ၊ ဟက်စတီ မိုဟမ္မဒ်ဒီ ၊ ဖာရစ်ရှ်တာ ဖာသီဟီ နှင့် ဖွာတွေမဟ် အဲဟ်မဒ်ဒီ တို့သည် မိမိတို့၏ ပြိုင်ပွဲများတွင် အနိုင်မရရှိခဲ့သဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha