၂၆ ဇူလိုင် ၂၀၂၆ - ၂၃:၅၂
ယီမင်နိုင်ငံ အယ်လ်ဟူဒိုင်ဒါမြို့ကို ဆော်ဒီတိုက်ခိုက်၊ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် ရီယာ့ဒ်တွင် တာဝန်ရှိ မည်ဟု ယီမင် သတိပေး

ယီမင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အယ်လ်ဟူဒိုင်ဒါမြို့ကိုဆော်ဒီ က တိုက်ခိုက်ခဲ့ပြီးနောက် လာမည့် အဆင့်တွင် “တိုက်ခိုက်မှုကို တိုက်ခိုက်မှုဖြင့် တုံ့ပြန်မည့်” မဟာဗျူဟာကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း တစ်ဖက် တွင် ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က အဆိုပါ စစ်ဆင်ရေးကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း တာဝန်ယူ ဝန်ခံခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ ဖော်ပြချက်အရ ယီမင်နိုင်ငံခြားရေးဝန်ကြီးဌာနက အယ်လ်ဟူဒိုင်ဒါပြည်နယ်အပေါ် ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ယင်းစစ်ဆင်ရေးကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်အားလုံးအတွက် အပြည့်အဝ တာဝန်ရှိသူမှာ ဆော်ဒီ အာရေဗျနိုင်ငံ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆော်ဒီအစိုးရသည် ယီမင်အပေါ် ပိတ်ဆို့ထားမှုကို အဆုံး သတ်ပေးရန် တရားမျှတသော တောင်းဆိုချက်ကို လက်ခံမည့်အစား ကြီးမားသော အမှားတစ်ရပ်ကို ကျူးလွန် ခဲ့ပြီး ယင်းအတွက် ကြီးမားသော အဖိုးအခကို ပေးဆပ်ရမည်ဟု ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်တွင် ထပ်မံ၍ အယ်လ်ဟူဒိုင်ဒါကို ပစ်မှတ်ထား တိုက်ခိုက်ပြီးနောက် လာမည့်အဆင့်၏ အခြေခံ မူမှာ “တိုက်ခိုက်မှုကို တိုက်ခိုက်မှုဖြင့် တုံ့ပြန်ခြင်း” ဖြစ်မည်ဟု ဆိုထားပါတယ်။

တစ်ဖက်တွင်လည်း အန်ဆွာရိုလ္လာဟ်၏ နိုင်ငံရေးရုံးအဖွဲ့ဝင် ဟာဇမ် အယ်လ်အာဆဒ် က လူမှုကွန်ရက် X တွင် “ဆိပ်ကမ်းကို တိုက်ခိုက်လျှင် ဆိပ်ကမ်းဖြင့် တုံ့ပြန်မည်၊ လေဆိပ်ကို တိုက်ခိုက်လျှင် လေဆိပ်ဖြင့် တုံ့ပြန်မည်၊ တင်းမာမှုတိုင်းကိုလည်း ယင်းထက် ပိုမိုပြင်းထန်သော တင်းမာမှုဖြင့် တုံ့ပြန်မည်” ဟု ရေးသားခဲ့ပါတယ်။

အခြားတစ်ဖက်တွင် ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က အနောက်ပိုင်း ယီမင်တွင် စစ်ရေးဆောင်ရွက်မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ရပ်ဖြင့် တာဝန်ယူဝန်ခံခဲ့ပြီး၊ ယင်းစစ်ဆင်ရေးမှာ ၎င်းတို့က အန်ဆွာရိုလ္လာဟ် နှင့် သက်ဆိုင်သည်ဟု သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များ ကို ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အခိုင် အမာ ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha