အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကူဝိတ်အစိုးရ၏ တရားဝင်သတင်းစာ Al-Kuwait Al-Youm သည် ကူဝိတ်အမိန့်ရှင် မရှ်အလ် အလ်အဟ်မဒ် အလ်ဂျာဘဲရ် အလ်ဆဘာဟ် ၏ အမိန့်ကို ထုတ်ပြန်ခဲ့ပြီး ထိုအမိန့်အရ ရှီအဟ် ရှိက်ခ် ဟိုစိုင်းန်နိုလ်မအ်သူက် နှင့် အခြား ၅ ဦး၏ နိုင်ငံသားအဖြစ်ကို ရုပ်သိမ်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ အမိန့်တွင် နိုင်ငံသားအဖြစ် ရုပ်သိမ်းခံရသူများမှာ—
၁။ ရှိက်ခ် ဟိုစိုင်းန် အဗ်ဒိုလ္လာဟ် မအ်သူက်
၂။ အဗ်ဒိုလ်အဇီးဇ် ခါလစ် အဗ်ဒိုလ်ဝဟ်ဟာဘ် အစ္စမိုင်လ် အလီ အလ်ဖူဒရီ
၃။ လူလူဝါ နာဆဲရ် အဗ်ဒိုလ္လာဟ် အဗ်ဒိုလ်အလ်ဟိုစိုင်းန်
၄။ မိုဟမ္မဒ် ဘဒရ် အဗ်ဒိုလ္လာဟ် ဆာလစ် မိုဟမ္မဒ် အလ်မတ္တရ်
၅။ အဗ်ဒိုလ္လာဟ် မိုဟမ္မဒ် အဗ်ဒိုလ္လာဟ် အဗ်ဒိုလ်ဝဟ်ဟာဘ် အလ်ဆာလစ်
၆။ မန်ဆူးရ် အဟ်မဒ် ဟာမူးဒ် အလ်မုဟာရစ်ဘ် အလ်ဟမူးဒ်
တို့ ဖြစ်ကြပါတယ်။
ဤဘာသာရေးခေါင်းဆောင်သည် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ)၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယခင်က National Islamic Coalition ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ယခင်ကလည်း ကူဝိတ်အာဏာပိုင်များက “နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သော အမှုများ” ဟု ခေါ်ဆိုသော ကိစ္စများနှင့်ပတ်သက်၍ ၎င်းအပေါ် တရားရုံး၏ စီရင်ချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။
နိုင်ငံသားအဖြစ် ရုပ်သိမ်းခံရသူများထဲမှ နိုင်ငံရေးသုံးသပ်သူ မိုဟမ္မဒ် အလ်မတ္တရ် က ကူဝိတ်နိုင်ငံသည် ၎င်း၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကာလကို ဖြတ်သန်းနေကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ “ကူဝိတ်၏ သမိုင်းတွင် အဆိုးရွားဆုံး နိုင်ငံရေးကာလအတွင်း ကျွန်ုပ်၏ နိုင်ငံသားအဖြစ်ကို ရုပ်သိမ်းလိုက်ခြင်းသည် ကျွန်ုပ်အတွက် အံ့အားသင့်စရာ မဟုတ်ပါ။ အမှန်တော့ ယင်းကို ကြိုတင် မျှော်လင့်ထားပြီး ဖြစ်ပါတယ်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ညီအစ်ကို၊ ညီအစ်မများနှင့် သားသမီးများထက် ပိုမိုထူးခြားသူ မဟုတ်ပါ။ ၎င်းတို့၏ နိုင်ငံသားအဖြစ်ကို မတရားသဖြင့်၊ အာဏာအလွဲသုံးစားလုပ်၍ ရုပ်သိမ်းခဲ့ပြီး၊ ထိုလုပ်ရပ်ကြောင့် မိသားစုဘဝများ ပြိုကွဲခြင်း၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရခြင်းနှင့် လူမှုဆက်ဆံရေးများ ပြတ်တောက်ခြင်းကဲ့သို့သော မတရားမှုများ ဖြစ်ပေါ်ခဲ့သော်လည်း၊ ဆုံးဖြတ်ချက်ချသူများက ထိုအကျိုး ဆက်များ ကို လျစ်လျူရှုခဲ့ကြသည်” ဟု ပြောကြားခဲ့ပါတယ်။
သတင်းအရ လူ့အခွင့်အရေးလှုပ်ရှားသူ လူလူဝါ အလ်ဟိုစိုင်းန် သည်လည်း နိုင်ငံသားအဖြစ် ရုပ်သိမ်းခံရသူများစာရင်းတွင် ပါဝင်ပြီး မကြာသေးမီလများအတွင်း ကူဝိတ်ပြည်ထဲရေးဝန်ကြီး ဖဟ်ဒ် အလ်ယူဆွတ်ဖ် အပေါ် ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခဲ့သူ ဖြစ်ပါတယ်။ ထို့အပြင် ကူဝိတ်အာဏာပိုင်များက ၎င်း၏ မိသားစုဝင်အချို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် အဆိုပါစာရင်းတွင် ပါဝင်သည့် အဗ်ဒိုလ္လာဟ် အလ်ဆာလစ် သည် ပြည်ပရောက် ကူဝိတ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများအနက် အထင်ရှားဆုံးတစ်ဦးဖြစ်ပြီး၊ ယခင်နှစ်များက အထွေထွေ လွတ်ငြိမ်း ချမ်းသာ ခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment