အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRIB သတင်းအေဂျင်စီ ၏ အဆိုအရမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ အပြည်ပြည် ဆိုင်ရာ သတင်း ဝန်ဆောင်မှု၏ ဖော်ပြချက်အရ တရုတ်နိုင်ငံရှိ ကူးသန်းရောင်းဝယ်ရေးဘဏ် အနည်းဆုံး ၆ ခုသည် မကြာသေးမီက ထိုင်းဘတ်၊ ဘရာဇီးရီးယဲလ်နှင့် ကာဇက်စတန်တန်ဂေး အပါအဝင် ငွေကြေး ၁၂ မျိုးခန့်ကို ယွမ်ဖြင့် တိုက်ရိုက်စာရင်းရှင်းနိုင်သည့် စနစ်များတွင် ထည့်သွင်းရန် ခွင့်ပြုချက်ရရှိခဲ့ပါတယ်။
ယင်းလုပ်ဆောင်ချက်သည် ဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံများနှင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးဆက်ဆံရေး နီးကပ် သည့်နိုင်ငံများ၊ အထူးသဖြင့် “Belt and Road” စီမံကိန်းတွင် ပါဝင်သည့် နိုင်ငံများကို အဓိကထား ရည်ရွယ် ခြင်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံ အမျိုးသားသင်္ဘောပို့ဆောင်ရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များကောင်စီက ဘတ်နှင့် ယွမ်တို့ဖြင့် တိုက်ရိုက် ငွေပေးချေနိုင်သည့် အခွင့်အလမ်း တိုးချဲ့ပေးခြင်းကို ကြိုဆိုခဲ့သည်။ ယင်းစနစ်သည် ဒေါ်လာမှတစ်ဆင့် ငွေကြေးပြောင်းလဲရန် လိုအပ်ချက်ကို လျှော့ချခြင်းအားဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလုပ်ငန်းများ၏ ကုန်ကျစရိတ် နှင့် အချိန်ကို လျှော့ချနိုင်မည်ဖြစ်သည့်အပြင် ထိုင်းကုမ္ပဏီများအတွက် ငွေကြေး လဲလှယ်နှုန်း အန္တရာယ်ကို စီမံခန့်ခွဲရာတွင် ရွေးချယ်စရာများ ပိုမိုရရှိစေမည်ဟု ပြောကြားခဲ့ပါတယ်။
Kasikorn သုတေသနစင်တာ၏ အချက်အလက်များအရ ထိုင်းနိုင်ငံ၏ ပို့ကုန်ငွေစာရင်းရှင်းရာတွင် ယွမ်၏ ပါဝင်မှုသည် ၂၀၁၅ ခုနှစ်တွင် ၀.၁ ရာခိုင်နှုန်းမှ ၂၀၂၅ ခုနှစ်တွင် ၁.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ သွင်းကုန်ပိုင်းတွင်လည်း ယွမ်ဖြင့် ပြုလုပ်သည့် ငွေကြေးစာရင်းရှင်းမှုများ၏ အချိုးအစားသည် ၀.၄ ရာခိုင်နှုန်းမှ ၄.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ သို့သော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ် ရေးငွေ စာရင်းရှင်းမှုတွင် ဒေါ်လာသည် ၈၀ ရာခိုင်နှုန်းနီးပါးဖြင့် ဆက်လက်လွှမ်းမိုးနေဆဲဖြစ်ပါတယ်။
ထိုင်းစီးပွားရေးပညာရှင်များ၏ အမြင်အရ ယွမ်အသုံးပြုမှု မြင့်တက်လာခြင်းသည် ဖွံ့ဖြိုးဆဲ စီးပွားရေး နိုင်ငံများ တွင် ငွေကြေးအမျိုးအစားများကို ပိုမိုကွဲပြားစွာ အသုံးပြုရန် ကြိုးပမ်းလာသည့် ပိုမိုကျယ်ပြန့်သော လမ်းကြောင်း ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု တိုးမြင့်လာသည်နှင့်အမျှ ဒေသတွင်းငွေကြေးများကို အသုံးပြုမှုလည်း ပိုမိုတိုးလာနိုင်သည်ဟု ၎င်းတို့က သုံးသပ်ထားပါတယ်။
တရုတ်ဗဟိုဘဏ်၏ အချက်အလက်များအရ တရုတ်နိုင်ငံ၏ ကုန်စည်ကုန်သွယ်ရေးတွင် ယွမ်ဖြင့် စာရင်းရှင်းမှု အချိုးအစား သည် ၂၀၂၃ ခုနှစ်အစပိုင်းတွင် ၁၈ ရာခိုင်နှုန်းခန့်ရှိရာမှ ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ထို့အပြင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယွမ်ဖြင့် နယ်စပ်ဖြတ်ကျော် လက်ရှိစာရင်း (Current Account) အရောင်းအဝယ်တန်ဖိုးသည် ယခင်နှစ်ကာလတူထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ကာ ယွမ် ၉.၈၃ ထရီလီယံအထိ ရောက်ရှိခဲ့ပါတယ်။
ကျွမ်းကျင်သူများ၏ အဆိုအရ လက်ရှိဖြစ်ပေါ်နေသည့် လမ်းကြောင်းသည် အာရှစီးပွားရေးနိုင်ငံများအနေဖြင့် ငွေကြေးတစ်မျိုးတည်းအပေါ် မှီခိုမှုကို လျှော့ချပြီး ပိုမိုကွဲပြားသည့် ငွေကြေးများကို အသုံးပြုလာသည့် လုပ်ငန်းစဉ်ကို တဖြည်းဖြည်း ဖော်ပြနေခြင်းဖြစ်ပါတယ်။ ယင်းလမ်းကြောင်းသည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအပြင် အခြားအာဆီယံနိုင်ငံများအကြား ဘဏ္ဍာရေးဆက်နွှယ်မှုများကိုလည်း ပိုမို ခိုင်မာလာ စေနိုင် ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment