၂၄ ဩဂုတ် ၂၀၂၆ - ၁၇:၅၄
ဟော်မုဇ်ရေလက်ကြားတွင် စည်းမျဉ်းချိုးဖောက်သူများအား သတိပေး

ပါရှန်းပင်လယ်ကွေ့ ရေလမ်းကြောင်း စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်း များကို ချိုးဖောက်သည့် သင်္ဘောများနှင့် ရေနံတင်သင်္ဘောများအား ပြင်းထန်စွာ သတိပေး လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါရှန်းပင်လယ်ကွေ့ ရေလမ်းကြောင်း စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က စည်းမျဉ်းချိုးဖောက်ထားသည့် ရေပေါ် ယာဉ်များနှင့် ပူးပေါင်းဆောင်ရွက်သည့် သင်္ဘောများကိုလည်း စည်းမျဉ်းချိုးဖောက်သူများအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

အဆိုပါအာဏာပိုင်အဖွဲ့က ဟော်မုဇ်ရေလက်ကြားတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက် သူများ သည် အနာဂတ်တွင် ဒဏ်ငွေချမှတ်ခံရခြင်း၊ သင်္ဘောရပ်တန့်ထိန်းသိမ်းခံရခြင်းနှင့် ပိုင်ဆိုင်မှု သိမ်းဆည်း ခံရခြင်း စသည့် ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကြေညာခဲ့ပါတယ်။

ထိုကဲ့သို့သော ပြဿနာများကို ရှောင်ရှားနိုင်ရန် သင်္ဘောပိုင်ရှင်များအနေဖြင့် သင်္ဘောငှားရမ်းခြင်း မပြုမီ စည်းမျဉ်းချိုးဖောက်ထားသည့် သင်္ဘောများ၏ စာရင်းကို pgsa.ir/non-compliant တွင် စစ်ဆေးကြည့်ရှုရန် လိုအပ်ကြောင်း အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။

ထို့အပြင် အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည့် အခြားကြေညာချက်တစ်ရပ်တွင် စည်းမျဉ်းချိုး ဖောက်သူများ စာရင်းတွင် ပါဝင်သည့် ရေပေါ်ယာဉ်များနှင့် ပူးပေါင်းဆောင်ရွက်သူများ၏ အမည်များကိုလည်း ထိုစာရင်းတွင် ထည့်သွင်းမည်** ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

တစ်ချိန်တည်းတွင် အဆိုပါစာရင်းမှ မိမိတို့၏ သင်္ဘော သို့မဟုတ် အခြားရေပေါ်ယာဉ်များ၏ အမည်ကို ဖယ်ရှားလိုသူများအနေဖြင့် လိုအပ်သည့် ရှင်းလင်းချက်များနှင့်အတူ `info@pgsa.ir` သို့ လျှောက်ထားစာ ပေးပို့ နိုင်ကြောင်း အာဏာပိုင်အဖွဲ့က ကြေညာထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha