၂၄ ဩဂုတ် ၂၀၂၆ - ၂၃:၄၂
အမေရိကန်အနေဖြင့် နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ရန် လက်တွေ့ကျသော အရေး ယူ ဆောင် ရွက် မှုများ ပြုလုပ်ရမည်ဟု ရေဇာအီ ပြောကြား

အီရန် အမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူး မိုဟ်ဆင် ရေဇာအီက ဟော်မုဇ် ရေလက်ကြား ၏ လုံခြုံရေးကို စီမံခန့်ခွဲခြင်းနှင့် ထိန်းချုပ်ခြင်း အပေါ် အလေးထားပြောကြားခဲ့ပြီး၊ အမေရိကန်အနေဖြင့် ၎င်း၏ သဘောထားနှင့် လုပ်ဆောင်ပုံကို ပြောင်းလဲရမည်ဖြစ်ကာ နားလည်မှုစာချွန်လွှာပါ သတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန် လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  အီရန် အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်မှူးကြီး မိုဟ်ဆင် ရေဇာအီသည် ပါကစ္စတန် စစ်တပ်အကြီးအကဲ ဖီးလ်ဒ်မာရှယ် အာဆင်မ် မူနီးရ်နှင့် တွေ့ဆုံ စဉ် အမေရိကန်အပေါ် ယုံကြည်မှုမရှိကြောင်း ဖော်ပြခဲ့ပါတယ်။

ထို့အပြင် ဟော်မုဇ်ရေလက်ကြား၏ လုံခြုံရေးစီမံခန့်ခွဲမှုတွင် အီရန်၏ အခန်းကဏ္ဍကို အလေးပေးပြောကြားကာ အမေရိကန်အနေဖြင့် ၎င်း၏ သဘောထားကို ပြောင်းလဲပြီး နားလည်မှုစာချွန်လွှာပါ စည်းကမ်းချက်များကို အကောင်အထည်ဖော်ရန် လက်တွေ့ကျသော ဆောင်ရွက်ချက်များ ပြုလုပ်ရမည်ဟု ဆိုခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှုအတွင်း ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အာဆင်မ် မူနီးရ်က အစ္စလာမာဘတ် နားလည်မှုစာချွန်လွှာ ကို လက်မှတ်ရေးထိုးနိုင်ရန် ပါကစ္စတန်ဘက်မှ အစွမ်းကုန် ကြိုးပမ်းခဲ့မှုများကို ပြောကြားခဲ့ပြီး၊ အီရန်နှင့် ပါကစ္စတန်အကြား ညီအစ်ကိုနိုင်ငံများအဖြစ် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် မိတ်ဖက်ဆက်ဆံရေးကို အလေးထားပြောကြားခဲ့ပါတယ်။

ထို့အပြင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တည်ဆောက်နိုင်ရန်အတွက်လည်း ပါကစ္စတန် အနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha