၂၅ ဩဂုတ် ၂၀၂၆ - ၀၀:၀၀
ဗိုလ်ချုပ် ဟာသမီ ၊ အီရန်သည် ရန်သူများ၏ ပူးပေါင်းကြံစည်မှုများကို စမ်းသပ်ရန်အတွက် စစ်မြေပြင်မဟုတ်

အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ အီရန်စစ်တပ်အကြီးအကဲက ရန်သူများအနေဖြင့် မိမိ တို့၏ မည်သည့် ကျူးကျော်မှုကိုမဆို ခိုင်မာပြတ်သားစွာ တုံ့ပြန်ခံရမည်ကို သိရှိထားသင့်ကြောင်း သတိပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ဟာဟမီ သည် အာဇာနည် အစ္စလာမ်မစ် တော်လှန် ရေး ခေါင်းဆောင် ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ)  အာဇာနည် ဗိုလ်ချုပ် မူစဝီနှင့် အခြားအာဇာနည်များကို အမှတ်တရပြုလုပ် သည့် အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

၎င်းက လက်နက်ကိုင်တပ်ဖွဲ့များသည် မည်သည့်ကျူးကျော်မှုကိုမဆို သွားကျိုးအောင် ပြင်းထန်စွာ တုံ့ပြန်သွား မည်ဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက် ပြည့်စုံမှုနှင့် အမျိုးသားလုံခြုံရေးတို့ကို ထိခိုက်စေမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက အီရန်နိုင်ငံမြေကို ရန်သူများ၏ ပူးပေါင်းကြံစည်မှုများကို စမ်းသပ်ရန်အတွက် စစ်မြေပြင်အဖြစ် မည်သည့် အခါမျှ အသုံးချခွင့်ပြုမည်မဟုတ်ကြောင်း ဆိုပါတယ်။

ဗိုလ်ချုပ် ဟာသမီ က မည်သည့်အခြေအနေမျိုးတွင်မဆို ရန်သူကို ကျရှုံးစေပြီး ရှုံးနိမ့်မှု၏ ခါးသီးသောအရသာကို ခံစားစေရမည် ဟု ပြောကြားခဲ့ပါတယ်။

ထို့အပြင် ရန်သူများအနေဖြင့် အီရန်သည် ကမ္ဘာ၏ တစ်နေရာမှလာရောက်၍ မိမိတို့စိတ်ကြိုက် နိုင်ငံ၏ မြေပုံကို ပြောင်းလဲနိုင်သည့် နေရာမဟုတ်ကြောင်း သိရှိထားရမည်ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

“ကျွန်ုပ်တို့သည် ၁၀ နှစ်ဖြစ်စေ၊ ၂၀ နှစ်ဖြစ်စေ စစ်ပွဲဆင်နွှဲသွားမည်ဖြစ်ပြီး ရန်သူကို မည်သည့်အခါမျှ အောင်မြင် ခွင့် ပြု မည်မဟုတ်” ဟု ဗိုလ်ချုပ် ဟာသမီ က အလေးပေးပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha