၂၆ ဩဂုတ် ၂၀၂၆ - ၂၃:၅၉
အမေရိကန်ပြည်ထောင်စု၏ အီရန်အပေါ် စစ်ပွဲကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများအတွက် ဥပဒေအရ ဆက်လက်တောင်းဆိုနေမှုနှင့်ပတ်သက်သည့် နောက်ဆုံးသတင်း

သမ္မတရုံး ဥပဒေရေးရာ ဒုတိယဝန်ကြီးက စစ်ပွဲကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်သော အရေးကြီးသည့် အထောက်အထားမှတ်တမ်းများကို အပြီးသတ်လုနီးပါး ပြုစုထားပြီးဖြစ်ကြောင်း၊ ဒေါနယ်လ် ထရမ့် အပေါ် ပထမဆုံး တရားစွဲဆိုမှုကို မှတ်ပုံတင်ပြီးဖြစ်ကြောင်းနှင့် ဒုတိယတရားစွဲဆိုမှုကိုလည်း အပြီး သတ်မှတ်ပုံတင်ရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တစ်ချိန် တည်းမှာပင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တရားရုံးများတွင်လည်း အမှုဖွင့်တရားစွဲဆိုနိုင်ခြေကို စစ်ဆေး နေကြောင်း သိရ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Farsnews ၏ အစီရင်ခံစာအရ သမ္မတရုံး ဥပဒေရေးရာ ဒုတိယဝန်ကြီး မဂျစ်ဒ် အန်ဆာရီ က ယနေ့မွန်းလွဲပိုင်း၊ ဗုဒ္ဓဟူးနေ့ ၊ ၂၀၂၆ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် ကျင်းပသည့် အစ္စလာမ်မစ် တော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့သော အစိုးရတာဝန်ရှိသူများအား အမှတ်ရဂုဏ်ပြုသည့် အခမ်းအနား၌ ပြောကြား ခဲ့ပါတယ်။

သူက “စစ်ပွဲကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို တောင်းဆိုဖို့အတွက် ပထမဆုံးခြေလှမ်းက အထောက် အထား တွေကို စနစ်တကျ မှတ်တမ်းတင်စုဆောင်းခြင်း ဖြစ်ပါတယ်။ ၁၂ ရက်ကြာ စစ်ပွဲကာလအတွင်း အမျိုးသား လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ ဌာနအသီးသီးက လိုအပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။ သမ္မတရုံး ဥပဒေရေးရာဌာနက ဒီမှတ်တမ်းပြုစုရေးအဖွဲ့ကို ညှိနှိုင်းတာဝန်ယူခဲ့ပြီး ကောင်းမွန် တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ပြောပါတယ်။

သူက ဆက်လက်၍ ၁၂ ရက်ကြာ စစ်ပွဲနှင့်ပတ်သက်သော အထောက်အထားများကို အများအားဖြင့် ပြည့်စုံအောင် စုဆောင်းပြီးဖြစ်ကြောင်း၊ ထိုအထောက်အထားများအပေါ် အခြေခံ၍ ဥပဒေရေးရာ ဆောင်ရွက်မှုများကို အကဲ ဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဥပဒေရေးရာ ဆောင်ရွက်မှုများကို အဆင့်နှစ်ဆင့်ဖြင့် လုပ်ဆောင်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။ ပထမ အဆင့်မှာ စစ်ရာဇဝတ်မှုများနှင့် လူတစ်ဦးချင်းစီအပေါ် ကျရောက်ခဲ့သည့် ဆုံးရှုံးမှုများ ဖြစ်ပြီး၊ လူသေဆုံးမှုများ နှင့် အာဇာနည်ကျဆုံးမှုများ၊ ပြည်သူများ၏ ပိုင်ဆိုင်မှုများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ၊ ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများကို ထည့်သွင်းထားပါတယ်။

သူက “စစ်ပွဲကိုယ်တိုင်ကလည်း ဥပဒေနှင့်မညီသော ကျူးကျော်တိုက်ခိုက်မှုဖြစ်သလို၊ ရှုထောင့်အမျိုးမျိုးကနေ ကြည့်မယ်ဆိုရင် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်။ နိုင်ငံတကာ ဥပဒေ စည်းမျဉ်းအမျိုးမျိုးကိုလည်း ချိုးဖောက်ထားပါတယ်” ဟု ပြောပါတယ်။

အန်ဆာရီက ဆက်လက်၍ ယင်းကိစ္စများကို ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်နှစ်ရပ်စလုံးတွင် စစ်ဆေး နေကြောင်း ပြောပါတယ်။

ပြည်တွင်းအဆင့်တွင် အီရန်နိုင်ငံ၏ ပြည်တွင်းဥပဒေများနှင့် တရားစီရင်ရေးဆိုင်ရာ စည်းမျဉ်းများအရ တရားစွဲဆိုမှုများ ပြုလုပ်နေသည်။ ဤကဏ္ဍတွင် အဓိကတာဝန်ကို အစိုးရရှေ့နေချုပ်ရုံးက ယူထားပြီး တရား စီရင်ရေးစနစ် အတွင်း အထူးတရားရုံးဌာနခွဲများ ဖွဲ့စည်းကာ ဥပဒေရေးရာဌာနက အထောက်အထားများကို ပေးအပ် နေပါတယ်။ ရှေ့နေများဗဟိုဌာနကလည်း ထိခိုက်နစ်နာသူများကို ဆန္ဒအလျောက်၊ အခမဲ့နီးပါး ကိုယ်စား ပြုပေးပြီး တရားစွဲဆိုမှုများ ပြုလုပ်ပေးရန် သဘောတူထားပါတယ်။

၎င်းက တရားစီရင်ရေးဌာနခွဲ ၅၅ ကို ဖွဲ့စည်းထားပြီးဖြစ်ကာ အမှုအခင်းအများအပြားကို မှတ်ပုံ တင်ထားပြီး ဖြစ်ကြောင်း ပြောသည်။ သို့သော် လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်အခွင့်အရေးများကို တောင်းဆိုရန်အတွက် ထိခိုက်နစ်နာသူများကိုယ်တိုင် တိုင်ကြားမှု ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း ရှင်းပြသည်။ ဤကဏ္ဍတွင် လုပ်ငန်းများ စတင်ပြီးဖြစ်သလို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

နိုင်ငံတကာအဆင့် ဥပဒေရေးရာ ဆောင်ရွက်မှု

နိုင်ငံတကာအဆင့်မှာမူ ကိစ္စရပ်များ ပိုမိုရှုပ်ထွေးကြောင်း အန်ဆာရီက ပြောသည်။

သူက အီရန်အမေရိကန် တောင်းဆိုမှုများဆိုင်ရာ တရားရုံး တွင် ဒေါနယ်လ် ထရမ့်  အပေါ် စစ်ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု များနှင့် စစ်ပွဲကိုယ်တိုင် တရားမဝင်ဖြစ်ခြင်းတို့နှင့်ပတ်သက်၍ တိုင်ကြားမှု /တရားစွဲဆိုမှု ပြုလုပ်ထားကြောင်း ပြောသည်။ ယင်းတရားစွဲဆိုမှုကို ပြီးခဲ့သည့်နှစ် မတ်လ ၂၇ ရက်တွင် မှတ်ပုံတင်ခဲ့ပြီး လိုအပ်သည့် အခြေခံလုပ်ငန်းများကိုလည်း ပြင်ဆင်ပြီးဖြစ်ကြောင်း ဆိုပါတယ်။

၁၂ ရက်ကြာ စစ်ပွဲ စတင်ခဲ့သည့်အချိန်တွင် ယခင်အတွေ့အကြုံများကို အသုံးချကာ ထပ်မံ၍ အထောက် အထားများ စုဆောင်းမှတ်တမ်းတင်သည့် လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ ထိုအထောက် အထားများ သည် နိုင်ငံတကာဥပဒေများနှင့် ကိုက်ညီပြီး နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုရာ၌ အသုံးပြုနိုင်ရန် လိုအပ် ကြောင်း ၎င်းက ရှင်းပြပါတယ်။

“ဒါဟာ ခက်ခဲတဲ့အလုပ်ပါ။ ဒါပေမဲ့ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေ၊ ဗီဒီယိုတွေနဲ့ အခြားစာရွက်စာတမ်းတွေကို တင်သွင်းပြီး အထောက်အထားမှတ်တမ်းတင်နိုင်ဖို့ ဝက်ဘ်ဆိုက် တစ်ခုကိုလည်း ဖွင့်လှစ်ထားပါတယ်။ စစ်ဘက်ဆိုင်ရာနဲ့ နျူကလီးယားစင်တာတွေလို အချို့အချက် အလက်တွေ ကလွဲရင် ဒီလုပ်ငန်းဟာ အများအားဖြင့် ပြီးစီးနေပါပြီ” ဟု ၎င်းက ပြောပါတယ်။

၎င်းက ထရမ့် နှင့် အမေရိကန်အစိုးရအပေါ် ဒုတိယအမှုကို အမေရိကန်နိုင်ငံအတွင်းရှိ သက်ဆိုင်ရာ တရားရုံး/ ဥပဒေရေးရာဌာနတွင် မှတ်ပုံတင်တရားစွဲဆိုရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောပါတယ်။

ထို့အပြင် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) အပါအဝင် အခြား နိုင်ငံတကာ ဥပဒေရေးရာ အဖွဲ့အစည်းများထံ တရားစွဲဆိုနိုင်ခြေကိုလည်း လေ့လာဆန်းစစ်ထားပြီး အမျိုးသား လုံခြုံရေးကောင်စီထံ ဆက်သွယ်အကြောင်းကြားထားကြောင်း ဆိုသည်။ ယင်းကိစ္စသည် အမျိုးသား လုံခြုံရေး ကောင်စီ၏ အတည်ပြုချက်လည်း လိုအပ်သောကြောင့် ဆုံးဖြတ်ချက်ရယူရန် လုပ်ဆောင်နေသည်ဟု ၎င်းက ရှင်းပြပါတယ်။

ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပြီး လိုအပ်သည့် တရားစွဲ ဆိုမှုများကို မှတ်ပုံတင်နိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း ဆိုပါတယ်။

အန်ဆာရီက ၁၂ ရက်ကြာ စစ်ပွဲနှင့်ပတ်သက်၍ အီရန်ပြည်တွင်း တရားစီရင်ရေးစနစ်တွင်လည်း အလေး အနက်ထား ဆောင်ရွက်နေပြီး ယခင်သတ်မှတ်ထားသည့် ပုံစံအတိုင်း လုပ်ဆောင်နေကြောင်း ပြောပါတယ်။

“ဒါက ကျွန်တော်တို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေရေးရာ တိုက်ပွဲနဲ့ တရားစွဲဆိုမှုတွေဟာ အချိန်ကြာမြင့်နိုင်တယ်ဆိုတာ သိထားရပါမယ်။ ကျွန်တော်တို့ရဲ့ အာဇာနည် ခေါင်းဆောင် ကြီး က လည်း တရားစွဲဆိုမှုတစ်ခုဟာ နှစ်ပေါင်း ၂၀ အထိ ကြာနိုင်တယ်လို့ ပြောခဲ့ပါတယ်” ဟု ၎င်းက ပြောပါ တယ်။

နိုင်ငံတကာအဖွဲ့အစည်းများတွင် ဆက်လက်တင်ပြခြင်း

အန်ဆာရီက စစ်ပွဲဖြစ်ပွားနေစဉ်အတွင်းပင် ဥပဒေရေးရာလုပ်ငန်းများအတွက် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့က အဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း၊ နိုင်ငံကို နိုင်ငံတကာဥပဒေရေးရာ တောင်းဆိုမှုများအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးခဲ့ကြောင်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၏ အီရန်အပေါ် စစ်ပွဲကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများအတွက် ဥပဒေအရ ဆက်လက်တောင်းဆိုနေမှုနှင့်ပတ်သက်သည့် နောက်ဆုံးသတင်း

ထို့အပြင် ICAO (အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့)၊ UNESCO နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု အမွေအနှစ်၊ လေကြောင်းနှင့် လေယာဉ်ပျံသန်းရေး၊ မီးရထားစသည့် သီးခြားကဏ္ဍများကို ကြီးကြပ် သည့် အဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာဥပဒေရေးရာ အထူးပြုအဖွဲ့အစည်းများထံတွင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဦးဆောင်၍ ဥပဒေရေးရာ အထောက်အပံ့နှင့် အကြံဉာဏ်များ ပေးခဲ့ကြောင်း၊ စာပေးစာယူမှုများ ပြုလုပ်ကာ ဆက်လက်တောင်းဆိုနေကြောင်း ၎င်းက ဆိုပါတယ်။

အန်ဆာရီက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းကာ ကုလသမဂ္ဂ၊ ကုလသ မဂ္ဂလုံခြုံရေး ကောင်စီ၊ ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ နှင့်လည်း ဆက်သွယ် ဆောင်ရွက် နေကြောင်း ပြောပါတယ်။

“ကျွန်တော်တို့ ဥပဒေရေးရာ တိုက်ပွဲတစ်ခုကို စတင်ဖော်ဆောင်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေဟာ အင်အားကြီးနိုင်ငံတွေရဲ့ သြဇာနဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ကိုယ့်ကိုယ်ကိုယ် အင်အားကောင်းပြီး ခိုင်မာရပါမယ်။ ပြည်သူတွေရဲ့ အင်အား ၊ ထောက်ခံမှုနဲ့ ပြည်တွင်းစည်းလုံးညီညွတ်မှုကို အခြေခံပြီး အင်အားရှိတဲ့ အနေအထားကနေ ရပ်တည် နိုင်မှ နိုင်ငံတကာမှာ ကျွန်တော်တို့ရဲ့ ဥပဒေရေးရာ ကာကွယ်ပြောဆိုချက်တွေက ပိုမိုထိရောက်ပြီး ကျွန်တော်တို့ရဲ့ အကြောင်းပြချက်တွေကလည်း ပိုမိုခိုင်မာလာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောပါတယ်။

နောက်ဆုံးတွင် အန်ဆာရီက “အင်အားနဲ့ ခိုင်မာမှုရရှိဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အားကိုးရပါမယ်” ဟု အလေး အနက် ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha