၂၈ ဩဂုတ် ၂၀၂၆ - ၂၃:၅၈
ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဝင်ရောက်နိုင်ရေးအပေါ် အစ္စရေး၏ တားဆီး ကန့်သတ် မှုများ စိုးရိမ်ဖွယ်အဆင့်အထိ မြင့်တက်လာ

နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများ၏ အဖွဲ့ခေါင်းဆောင်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ပြောကြား ရာတွင် အစ္စရေး၏ ကန့်သတ်ချက်များနှင့် အတားအဆီးများကြောင့် ဂါဇာရှိ လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများသည် လုံးဝပျက်စီးသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများ၏ အမှုဆောင်ဒါရိုက်တာ Athena Rayburn သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ဂါဇာသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဝင်ရောက်နိုင်ရေးအပေါ် အစ္စရေးဘက်က ချမှတ်ထားသည့် မကြုံစဖူး တင်းကျပ်သော ကန့်သတ်ချက်များ၏ အသေးစိတ်အချက်အလက်များကို ရှင်းလင်း ပြောကြား ခဲ့ပါ တယ်။

သူမက အစ္စရေးအာဏာပိုင်များသည် “နှစ်မျိုးသုံးပစ္စည်း” ဟူသော သတ်မှတ်ချက်ကို အကြောင်းပြ၍ ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံပစ္စည်းများစွာကို ဝင်ရောက်ခွင့် မပြုဘဲ တားဆီးနေကြောင်း ပြောကြားခဲ့သည်။ ထိုပစ္စည်းများထဲတွင် ကတ်ကြေး၊ ချိုင်းထောက်၊ ဘီးတပ်ကုလားထိုင်နှင့် ခြေတုလက်တုများကဲ့သို့ ဆေးဘက်ဆိုင်ရာနှင့် အကူအညီပေးရေးပစ္စည်းများလည်း ပါဝင်ပါတယ်။

Rayburn ၏ အဆိုအရ အစ္စရေးအာဏာပိုင်များသည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများကို ဂါဇာအတွင်း ဝင်ရောက်ခွင့်မပြုရုံသာမက အခြေခံလိုအပ်သော ပစ္စည်းများအပေါ်တွင်လည်း တင်းကျပ်သော ကန့်သတ် ချက် များ ချမှတ်ထားကြောင်း သိရပါတယ်။ သူမက မော်တော်ယာဉ်အင်ဂျင်ဆီ (motor oil) တင်ပို့ပေးမှုတွင် အတား အဆီးများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဂါဇာဈေးကွက်အတွင်း ၎င်း၏ဈေးနှုန်းမှာ ၄၅ ဆအထိ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများ၏ အမှုဆောင်ဒါရိုက်တာက ဆက်လက်၍ အစ္စရေး အာဏာ ပိုင်များ သည် ဖရဲသီးနှင့် ကြက်သွန်နီကဲ့သို့သော ပုံမှန်စားသောက်ကုန်များကိုပင် ဂါဇာအတွင်းသို့ ဝင်ရောက် လာနိုင်ရေးတွင် အတားအဆီးများ ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဂါဇာတွင် အကူအညီပေးရေး လုပ်ငန်းများကို ကန့်သတ်ရန် ဆောင်ရွက်နေသည့် အစီအမံများကို ရည်ညွှန်း၍ Rayburn က အစ္စရေးအာဏာပိုင်များသည် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်း ၃၀ ကျော်**၏ လုပ်ငန်းများအတွက် မှတ်ပုံတင်ထားမှုကို ပယ်ဖျက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သူမက အကူအညီပေးရေးအဖွဲ့အစည်းများ၏ သွားလာခွင့်နှင့် ဝင်ရောက်ခွင့် နယ်နိမိတ်များကို အဆက်မပြတ် ပြောင်းလဲကန့်သတ်နေခြင်းကြောင့် အရေးကြီးသည့် နေရာပေါင်း ၈၅ ခုထက်မနည်း သို့ ဝင်ရောက်နိုင်မှု ကန့်သတ်ခံ ထားရကြောင်း ပြောကြားခဲ့သည်။ ထိုနေရာများတွင် စာသင်ကျောင်းများ၊ ဆေးဘက် ဆိုင်ရာဌာနများ နှင့် ရေအရင်းအမြစ်များလည်း ပါဝင်ပါတယ်။

ဂါဇာတွင် အကူအညီပေးရေးအဖွဲ့အစည်းများအတွက် အစ္စရေးဘက်က ဆက်လက်၍ လုပ်ငန်း ဆောင်ရွက်နိုင် သည့် နယ်ပယ်ကို ကန့်သတ်နေခြင်း၏ ရလဒ်အဖြစ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်း များသည်  လုံးဝပျက်စီးသွားနိုင်သည့် အခြေအနေ၏ အစွန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူမက သတိပေး ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha