၂၈ ဩဂုတ် ၂၀၂၆ - ၂၃:၅၉
အမေရိကန်၏ အီရန်ဆန့်ကျင်ရေးကြောင့် ဗြိတိန်ပြည်သူများလည်း ထိခိုက်လာ

ဗြိတိန်ပါလီမန် စာကြည့်တိုက်၏ နောက်ဆုံးအစီရင်ခံစာတွင် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့က အီရန်အပေါ် ကျူးကျော်တိုက်ခိုက်မှုကြောင့် ဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး၊ ထိုအကျိုးဆက်အနေဖြင့် ဗြိတိန်နိုင်ငံရှိ အိမ်ထောင်စုများ၏ စွမ်းအင်အသုံးစရိတ်များလည်း မြင့်တက်လာခဲ့ကြောင်း အတည်ပြုထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ  ဗြိတိန်အောက်လွှတ်တော် (House of Commons) ၏ စာကြည့်တိုက်က စားသုံးသူများသည် ငွေကြေးဖောင်းပွမှုနှုန်း ၂.၉ ရာခိုင်နှုန်း ကို ရင်ဆိုင်နေရကြောင်း ကြေညာခဲ့ပြီး၊ ယခင်ကလည်း ၂.၉ ရာခိုင်နှုန်း ဖြစ်ခဲ့သည်ဟု ဆိုပါတယ်။

ဤပြောင်းလဲမှုကြောင့် အိမ်သုံးဓာတ်ငွေ့၏ ပျမ်းမျှဈေးနှုန်းသည် ယခင်လနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်  လာခဲ့ကြောင်း သိရပါတယ်။

ဗြိတိန်ပါလီမန် စာကြည့်တိုက်က ထပ်မံပြောကြားရာတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ယခုအခါ ဗဟိုဘဏ်၏ ၂ ရာခိုင်နှုန်း ရည်မှန်းချက်ထက် ၀.၉ ရာခိုင်နှုန်းပွိုင့် မြင့်မားနေပြီး စွမ်းအင်ကုန်ကျစရိတ် မြင့်တက်လာမှုက စစ်ပွဲမစတင်မီက မျှော်မှန်းထားခဲ့သည့် ဈေးနှုန်းကျဆင်းမှုလမ်းကြောင်းကို ရပ်တန့်စေခဲ့ကြောင်း ဆိုပါတယ်။

ဗြိတိန် အမျိုးသားစာရင်းအင်းရုံး (ONS) ကလည်း ဇူလိုင်လအတွင်း ဓာတ်ငွေ့ဈေးနှုန်းများ ၁၄.၇ ရာခိုင်နှုန်း နှင့် လျှပ်စစ်ဈေးနှုန်းများ ၃.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုအဖွဲ့အစည်း၏ အချက်အလက် များအရ အိမ်ရာကဏ္ဍ (နေထိုင်မှု) ၏ ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း ဇွန်လတွင် ၂.၇ ရာခိုင်နှုန်း မှ ဇူလိုင်လ တွင် ၄.၁ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပါတယ်။

ဗြိတိန် စာရင်းအင်းဌာန၏ သီးခြားအချက်အလက်များအရ ဇူလိုင်လတွင် ဓာတ်ငွေ့ လက်ကား ဈေးနှုန်းပျမ်းမျှ သည် ဇွန်လနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

အစီရင်ခံချက်များအရ ဗြိတိန်အိမ်ထောင်စုများ၏ အသုံးစရိတ်များအပေါ် ဖိအားသည် ဆောင်းဦးရာသီ အတွင်း တွင်လည်း ဆက်လက်ရှိနေမည်ဖြစ်ပါတယ်။

ဗြိတိန်၏ စွမ်းအင်ဈေးကွက်ကြီးကြပ်ရေးအဖွဲ့ Ofgem က ယခု မြင့်တက်မှု၏ အများစုမှာ ဓာတ်ငွေ့ဈေးနှုန်းနှင့် သက်ဆိုင်ပြီး အိမ်ထောင်စုများ၏ စွမ်းအင်ဘေလ်များအတွင်း ဓာတ်ငွေ့အသုံးစရိတ်၏ အချိုးအစားမှာ ၈ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဤဘဏ်ကလည်း စွမ်းအင်ဈေးနှုန်းများ အဆက်မပြတ် မြင့်မားနေခြင်းသည် လုပ်ခလစာများနှင့် အခြားကုန် ပစ္စည်းများ၏ ဈေးနှုန်းများအပေါ် ဒုတိယအဆင့် သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေး ထား ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha