အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အစ္စရေးစစ်တပ်သည် ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းလက်ဘနွန်ရှိ မာဂျ်အယွန်းဒေသ၌ ပြင်းထန်သော ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ်စေခဲ့ပါတယ်။
တောင်ပိုင်းလက်ဘနွန်ရှိ မြို့များနှင့် နယ်စပ်ဒေသ အများအပြားတွင်လည်း တနင်္ဂနွေနေ့၌ အစ္စရေးဘက်မှ အမြောက်ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
အစ္စရေးအမြောက်တပ်များက မိဖ်ဒွန်း၊ တူလင်း၊ အယ်လ်မန်ဆူရီနှင့် ဝါဒီ အယ်လ်ဆလူကီ ဒေသများကို အမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီး ဘေ့တ် ယာဟွန်းနှင့် ဘရာအာရှစ်ကြားရှိ ဒေသကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ပါတယ်။ ထိုအချိန်တွင် အစ္စရေးစစ်တပ်က အလီ အယ်လ်-တာဟာရ် တောင်ကုန်းများ အနီး တစ်ဝိုက် သို့ ဖော့စဖရပ်စ်ဗုံးများလည်း ပစ်ခတ်ခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုများတွင် ဒိုဟာ ကဖ်ရ် ရာမန်ဒေသလည်း ပါဝင်ခဲ့ပြီး အစ္စရေးဒရုန်းတစ်စင်းက နဘတီယာ အယ်လ်-ဖိုကာဒေသကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပါတယ်။ အယ်လ်-ဒဘ်ရှာတောင်ကုန်းနှင့် အလီ အယ်လ် တာဟာရ် တောင်ကုန်းများအနီးတစ်ဝိုက်ကိုလည်း အမြောက်များဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး ဟဒ်သာမြို့ဘက်သို့ စက်သေနတ်များ ဖြင့် ပြင်းထန်စွာ ပစ်ခတ်ခဲ့ပါတယ်။
အစ္စရေး၏ အမြောက်ပစ်ခတ်မှုများတွင် အယ်လ်မန်ဆူရီနှင့် ဆိုင်ယဒ်ဒေသရှိ နေအိမ်များ၏ အပြင်ဘက် ပတ်ဝန်းကျင်များ အပြင် ဇူတာမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက် လမ်းကြောင်းများလည်း ပစ်မှတ်ထားခံခဲ့ ရပါတယ်။
အစ္စရေးစစ်တပ်သည် အလီ အယ်လ်-တာဟာရ်နှင့် အယ်လ်-ဒဘ်ရှာ တောင်ကုန်းများပေါ်သို့ အမြောက်များဖြင့် ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်သည်။ ယင်းသည် တောင်ပိုင်းနယ်စပ်ဒေသတွင် ဆက်လက်ဖြစ်ပွားနေသော စစ်ရေးတင်းမာမှုနှင့် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment