အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က အီရန်နိုင်ငံ ခူဇက်စတန်ပြည်နယ်၊ စီရစ်ခ်ဒေသ၊ ကိုဟက်စ်တက်ခ်တွင် မင်္ဂလာပွဲအခမ်းအနား ကျင်းပနေစဉ် လူနေအိမ်တစ်လုံးကို အမေရိကန်၏ တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ထိုဖြစ်ရပ်တွင် လူ ၅၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အီစ္စမာအီ ဗကာအီ က လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်သော ကြေညာချက်၌ အမေရိကန်၏ တိုက်ခိုက်မှုများတွင် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် မီးနာဗ် ၊ လာမာ့ဒ်၊ ကက်ရှမ် နှင့် အခြားဒေသများအထိ ပျံ့နှံ့ လာနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုများကို အကြောင်းပြချက်အမျိုးမျိုးနှင့် လှည့်ဖြားမှုပါသော ပြောဆိုချက်များ အသုံးပြု၍ တရားမျှတကြောင်း သက်သေပြရန် ကြိုးပမ်း နေကြသည် ဟုလည်း ၎င်းက ဆိုပါတယ်။
၎င်းက ဗုံးကြဲတိုက်ခိုက်မှုများ ပုံမှန်ဖြစ်လာခြင်းသည် ဗုံးကိုယ်တိုင်ထက်ပင် ပိုမိုအန္တရာယ်ကြီးမားသည် ဟု ပြောကြားခဲ့ပါတယ်။ ထိုကဲ့သို့သော ဖြစ်ရပ်များအပေါ် ကမ္ဘာ့အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ နှုတ်ဆိတ် နေမှုကိဘက်မလိုက်ခြင်း ဟု သတ်မှတ်၍ မရနိုင်ကြောင်း ၎င်းက ဆိုပါတယ်။
အီရန်ပြောရေးဆိုခွင့်ရှိသူက အီရန်အနေဖြင့် ထိုတိုက်ခိုက်မှုများကို ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု သတိပေး ခဲ့ပါတယ်။
ထို့အပြင် ထိုကဲ့သို့သော လုပ်ရပ်များအပေါ် နှုတ်ဆိတ်နေကြသည့် သို့မဟုတ် အကြောင်းပြချက်ပေးကာ အတည် ပြုနေကြသည့် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မတရားမှုအပေါ် နှုတ်ဆိတ်နေခြင်းသည် ထိုမတရားမှု ကို ရပ်တန့်စေမည့်အစား တိုက်ခိုက်သူများအား ထပ်မံလုပ်ဆောင်ရန် ပိုမိုအားပေးနေခြင်းသာ ဖြစ်သည်ကို နားလည်သင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment