အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရတ်နိုင်ငံ၊ ကာကူ့ခ်ပြည်နယ်ရှိ ဟရှ်ဒိုရှ်ရှအ်ဘီ စခန်းတစ်ခုကို လက်နက်ကိုင် အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပါတယ်။
ဟရှ်ဒိုရှ်ရှအ်ဘီ ၏ ပြောကြားချက်အရ အဆိုပါ တိုက်ခိုက်မှုသည် မနက်အစောပိုင်း ၂ နာရီခန့် တွင် အလ်တွန်ကိုပရီ (Al-Tun Kopri) ဒေသရှိ တပ်မဟာ ၁၆ နှင့် သက်ဆိုင်သော စခန်းတစ်ခုကို ပစ်မှတ်ထား၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း အလီ ဘဟ်ဂျသ် ဟာမစ် နှင့် ဂျုနိုက်ဒ် အစ်စမတ်သ် ဘဟ်ဂျသ် တို့ ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။
ဟရှ်ဒိုရှ်ရှအ်ဘီ က သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများသည် ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။ ရည်ရွယ်ချက်မှာ ဖြစ်ရပ်နှင့်ပတ်သက်သည့် အသေးစိတ် အချက် အလက်များကို ထပ်မံဖော်ထုတ်ရန်နှင့် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ကာ ဖမ်းဆီးနိုင်ရန် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment