၄ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၆
ချိုမြိန်သော အဖျော်ယမကာများက အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို နှစ်ဆကျော်အထိ မြင့်တက်စေနိုင်

သုတေသနအသစ်အရ၊ သကြားပါဝင်သော အဖျော်ယမကာများကို နေ့စဉ်သောက်သုံးသူများတွင် အစာအိမ် ကင်ဆာဖြစ် နိုင်ခြေသည် တစ်လလျှင် တစ်ကြိမ်ထက်နည်းစွာ သောက်သုံးသူများနှင့် နှိုင်းယှဉ်ပါက ခန့်မှန်း ခြေအား ဖြင့် ၂.၅ ဆ ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနတစ်ရပ်တွင် သကြားဖြင့် ချိုမြိန်အောင်ပြုလုပ်ထားသော အဖျော် ယမကာများ သည် သွားကျန်းမာရေးကိုသာ ထိခိုက်စေနိုင်သည်မဟုတ်ဘဲ ပုံမှန်သောက်သုံးခြင်းသည် အစာ အိမ် ကင်ဆာဖြစ်နိုင်ခြေ သိသိသာသာ မြင့်တက်လာခြင်းနှင့်လည်း ဆက်စပ်နေနိုင်ကြောင်း သတိပေး ထား ပါတယ်။

MedicineNet ၏ ဖော်ပြချက်အရ သုတေသီများက သကြားပါဝင်သော အဖျော်ယမကာများကို တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် သောက်သုံးသူများတွင် ထိုအဖျော်ယမကာများကို တစ်လလျှင် တစ်ကြိမ်ထက်နည်းစွာ သောက်သုံးသူများနှင့် နှိုင်းယှဉ်ပါက အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ ခန့်မှန်းခြေအားဖြင့် ၂.၅ ဆ ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့ရှိ Massachusetts Cancer Institute မှ သုတေသီ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အထူးကုနှင့် ကူးစက်ရောဂါဗေဒပညာရှင် ဒေါက်တာ Andrew Chan က ယခုသုတေသနသည် သကြားဖြင့် ချိုမြိန်အောင်ပြုလုပ်ထားသော အဖျော်ယမကာများ သောက်သုံး ခြင်းနှင့် အစာအိမ်ကင်ဆာကြား ဆက်စပ်မှုကို ဖော်ထုတ်ပြသသည့် ပထမဆုံးသော သုတေသနဖြစ်သည်ဟု ပြောကြား ခဲ့ပါတယ်။

၎င်းက အစာအိမ်ကင်ဆာသည် ကမ္ဘာတစ်ဝန်း ကင်ဆာကြောင့် သေဆုံးမှုများအနက် ပဉ္စမ အများဆုံး အကြောင်းရင်းဖြစ်သော်လည်း အစားအသောက်ဆိုင်ရာ အလေ့အထများက ဤရောဂါဖြစ်နိုင်ခြေကို မည်မျှ အထိ သက်ရောက်မှုရှိသည်ဆိုသည့် အချက်နှင့်ပတ်သက်၍ သိရှိထားမှုများမှာ ယခုတိုင် အကန့် အသတ်ရှိ နေသေးကြောင်း ပြောကြားခဲ့ပါတယ်။

သုတေသနပြုလုပ်စဉ်အတွင်း သုတေသီများသည် ရေရှည်လုပ်ဆောင်ခဲ့သော သုတေသနစီမံကိန်းနှစ်ခုတွင် ပါဝင်ခဲ့သည့် ဆေးဘက်ဆိုင်ရာနယ်ပယ်မှ လူပေါင်း ၁၁၂,၀၀၀ ကျော်၏ အချက်အလက်များကို ခွဲခြမ်း စိတ်ဖြာခဲ့ကြပါတယ်။

အဆိုပါ လေ့လာမှုများတွင် ပါဝင်သူများ၏ အစားအသောက်၊ နေထိုင်မှုပုံစံနှင့် ကျန်းမာရေးဆိုင်ရာ အချက် အလက်အသေးစိတ်များကို ဆယ်စုနှစ်များစွာကြာ စုဆောင်းခဲ့ကြပါတယ်။ ရေရှည်စောင့်ကြည့်လေ့လာမှုအတွင်း ပါဝင်သူများထဲတွင် အစာအိမ်ကင်ဆာဖြစ်ပွားမှု ၂၇၈ ခု တွေ့ရှိခဲ့ပါတယ်။

သုတေသနရလဒ်များအရ သကြားပါဝင်သော အဖျော်ယမကာကို တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် သောက်သုံး သူများ တွင် ထိုအဖျော်ယမကာကို တစ်လလျှင် တစ်ကြိမ်ထက်နည်းစွာ သောက်သုံးသူများနှင့် နှိုင်းယှဉ်ပါက အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ ခန့်မှန်းခြေအားဖြင့် ၂.၅ ဆ ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့ပါတယ်။

သုတေသီများ၏အဆိုအရ သကြားဖြင့် ချိုမြိန်အောင်ပြုလုပ်ထားသော အဖျော်ယမကာများတွင် လီမွန်ဖျော်ရည်၊ အချိုရည်များနှင့် အားကစားအဖျော်ယမကာများ ပါဝင်ပါတယ်။

ထို့အပြင် လေ့လာမှုတွင် အဆိုပါအဖျော်ယမကာများတွင် ချိုမြိန်စေရန် အဓိကအသုံးပြုသည့် သကြား တစ်မျိုးဖြစ်သော fructose ကို အလွန်အကျွံစားသုံးခြင်းသည်လည်း အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ မြင့်တက် လာခြင်း နှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။

သို့သော် အတုအချိုဓာတ်များဖြင့် ပြုလုပ်ထားသော အဖျော်ယမကာများနှင့် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာခြင်းကြားတွင် ထင်ရှားသော ဆက်စပ်မှုကို မတွေ့ရှိခဲ့ရပါ။

သုတေသီများက သကြားပါဝင်သော အဖျော်ယမကာများနှင့် အစာအိမ်ကင်ဆာကြား ဆက်စပ် မှုဖြစ်ပေါ်နိုင်သည့် အကြောင်းရင်းများစွာ ရှိနိုင်ကြောင်း ဆိုသည်။ ယင်းတို့တွင် ကိုယ်အလေးချိန်တိုးလာခြင်း၊ အင်ဆူလင်ကို ခန္ဓာကိုယ်က တုံ့ပြန်နိုင်စွမ်း လျော့နည်းခြင်း (insulin resistance)၊ ဟော်မုန်းမညီမျှခြင်းနှင့် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတို့ ပါဝင်ပါတယ်။

သို့သော် သုတေသီများရရှိထားသော ရလဒ်များသည် အကြောင်းရင်းနှင့် အကျိုးဆက်ကို အတည်ပြု သက်သေပြခြင်း မဟုတ်ဘဲ သကြားပါဝင်သော အဖျော်ယမကာများ သောက်သုံးခြင်းနှင့် အစာအိမ် ကင်ဆာ ဖြစ်နိုင်ခြေကြား ဆက်စပ်မှုရှိနေကြောင်းကိုသာ ဖော်ပြခြင်းဖြစ်သည်။ ဤအကြောင်းအရာ နှင့် ပတ်သက်၍ ထပ်မံသုတေသနပြုရန် လိုအပ်နေသေးပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha