၄ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၉
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက  “ကျွန်ုပ်တို့ မရွေးချယ်ခဲ့သော စစ်ပွဲ၊ သို့သော် ကုန်ကျစရိတ်ကို ကျွန်ုပ်တို့ ပေးဆပ် နေရသည်” ဟုပြော

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်း နိုအဲလ် ဘာရို က ပြင်သစ်နိုင်ငံအနေဖြင့် အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ပွဲကို ရွေးချယ်ခဲ့ခြင်းမရှိသလို ထောက်ခံခဲ့ခြင်းလည်း မရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။ သို့သော် ယခုအခါ ထိုစစ်ပွဲ၏ စီးပွားရေးကုန်ကျစရိတ်များကို လောင်စာဆီ၊ စီးပွားရေး၊ အခွန်ဝင်ငွေများနှင့် ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းအပေါ်တွင် ပြင်သစ်နိုင်ငံက ပေးဆပ်နေရကြောင်း ဆိုသည်။ တစ်ချိန်တည်းတွင် ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် နိုင်ငံတကာမစ်ရှင်တစ်ရပ်ကို အကောင်အထည်ဖော်ရန်လည်း ပြင်ဆင် ထားကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းနိုအဲလ် ဘာရိုက အနောက်အာရှဒေသတွင် တင်းမာမှုများ ဆက်လက်မြင့် တက်နေခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှုကို ပြန်လည်ဖွင့်လှစ်ရန် နိုင်ငံတကာမစ်ရှင်တစ်ရပ်ကို အကောင်အထည်ဖော်ရန် ပြင်သစ်နိုင်ငံက အသင့်ရှိကြောင်း ဆိုပါတယ်။

ဘာရိုက ပြင်သစ်ရေဒီယိုနှင့် အင်တာဗျူးတွင် ပြင်သစ်နှင့် ဗြိတိန်တို့သည် ထိုနိုင်ငံတကာမစ်ရှင်အတွက် ပြင်ဆင်မှု များကို လွန်ခဲ့သော လအနည်းငယ်ကတည်းက စတင်ခဲ့ကြပြီး နိုင်ငံအများအပြားလည်း ပါဝင် နေကြောင်း ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ထိုမစ်ရှင်သည် “ပဋိပက္ခတွင် ပါဝင်နေသော မည်သည့်ဘက်နှင့်မျှ မသက်ဆိုင်ဘဲ လုံးဝ ကာကွယ်ရေးသဘောထားဖြင့်” ဆောင်ရွက်မည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ ရည်ရွယ် ချက်မှာ အခြေအနေက ခွင့်ပြုသည့်အချိန်တွင် ရေကြောင်းသွားလာမှုကို အမြန်ဆုံး ပြန်လည်စတင်နိုင်ရန် ဖြစ် ပါတယ်။ ပါရီအစိုးရသည် ယခင်ကလည်း အဆိုပါမစ်ရှင်ကို ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည် ရရှိပြီး နောက် ဆောင်ရွက်မည်ဟု ပြောဆိုခဲ့ပါတယ်။

သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဥပဒေရေးရာနှင့် နိုင်ငံတကာရေးရာ ဒုတိယဝန်ကြီး ကာဇင်မ် ဂါရီဘ်အာဘာဒီ က ယခင်က “ဟော်မုဇ်ရေလက်ကြားအနီးသို့ ချဉ်းကပ်လာမည့် ဥရောပစစ်သင်္ဘောတိုင်းသည် ကျွန်ုပ်တို့အတွက် တရားဝင်ပစ်မှတ်ဖြစ်သည်။ ဟော်မုဇ်ရေလက်ကြားသည် စစ်ပွဲမတိုင်မီ အခြေအနေသို့ မည်သည့်အခါမျှ ပြန်မရောက်စေရန် အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ မူဝါဒဖြစ်သည်”ဟု ပြောကြားခဲ့ပါတယ်။

ဘာရိုက အဆိုပါအင်တာဗျူးတွင် ပြင်သစ်သည် အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ပွဲကို ဆန့်ကျင်ခဲ့ကြောင်း ဆိုကာ  “ဒီစစ်ပွဲကို ကျွန်ုပ်တို့ မထောက်ခံခဲ့သလို ကိုယ်တိုင်လည်း မရွေးချယ်ခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ ဒီစစ်ပွဲရဲ့ ကုန်ကျစရိတ်ကို ကျွန်ုပ်တို့ ပေးဆပ်နေရပါတယ်။ လောင်စာဆီဖြည့်သည့်နေရာတွေမှာ၊ စီးပွားရေးမှာ၊ အခွန်ဝင်ငွေတွေမှာ၊ အကျိုးဆက်အနေနဲ့ ဘတ်ဂျက်အပေါ် ကျရောက်လာတဲ့ ဖိအားတွေမှာ၊ ထို့အပြင် ပြင်သစ်ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းမှာပါ ကုန်ကျစရိတ်ကို ခံစားနေရပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

အနောက်အာရှဒေသသို့ “ချားလ်စ် ဒီဂေါလ်” လေယာဉ်တင်သင်္ဘောကို စေလွှတ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ မေးမြန်းရာတွင်လည်း ဘာရိုက စစ်ပွဲစတင်သည့် ပထမရက်များအတွင်း ပြင်သစ်နိုင်ငံသားများနှင့် ပြင်သစ်၏ မိတ်ဆွေ သို့မဟုတ် မဟာမိတ်နိုင်ငံများဖြစ်ပြီး အီရန်၏ တိုက်ခိုက်မှုများကို ခံနေရသည့် နိုင်ငံများကို ကာကွယ်ရန်အတွက် ထိုလေယာဉ်တင်သင်္ဘောကို ဒေသသို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ “ပြင်သစ်သမ္မတက ချားလ်စ် ဒီဂေါလ်ကို ဒေသတွင်းမှာ ပိုမိုကြာရှည်စွာ ရှိနေစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာမစ်ရှင်အတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ အီရန်နဲ့ အမေရိကန်တို့က ရရှိထားတဲ့ သဘောတူညီချက်ကို လိုက်နာပြီး ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်မယ်ဆိုရင် အဲဒီမစ်ရှင်ကို ပထမဦးစွာ မိုင်းရှင်းလင်းရေးအတွက် အသုံးပြုပြီး၊ ဖြစ်နိုင်ရင် နောက်ပိုင်းမှာ သင်္ဘောတွေ ရေလမ်းကြောင်းအသုံးပြုနိုင်ရေးအတွက် အကူအညီပေးဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ဆိုပါတယ်။

ဘာရိုက ဟော်မုဇ်ရေလက်ကြား၏ အရေးပါမှုကို အလေးပေးပြောကြားရာတွင် ထိုရေလက်ကြားသည် နိုင်ငံ တကာကုန်သွယ်ရေး၏ အဓိကအချက်အချာနေရာများထဲမှ တစ်ခုဖြစ်ပြီး ပိတ်ဆို့သွားပါက အရေးကြီးသော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ဟု ဆိုပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏ ထိုပြောဆိုချက်များသည် အီရန်အပေါ် စစ်ရေးကျူးကျော်မှု မဖြစ်မီက ဟော်မုဇ်ရေလက်ကြားသည် ဖွင့်လှစ်ထားခဲ့ပြီး၊ ထိုရေလမ်းကြောင်း ပိတ်ဆို့သွားခြင်းမှာ ယမန်နှစ် ဖေဖော်ဝါရီလ ၂၈ ရက် မှစ၍ အမေရိကန်နှင့် အစ္စရေးအစိုးရတို့က ဒေသနှင့် ဟော်မုဇ်ရေလက်ကြားအပေါ် ချမှတ်ခဲ့သည့် လုံခြုံရေးမရှိမှုကြောင့် ဖြစ်သည်ဟု ဆောင်းပါးက ဖော်ပြထားပါတယ်။

တစ်ချိန်တည်းတွင် ဘာရိုက ပြင်သစ်၏ ဦးစားပေးရည်မှန်းချက်မှာ ထိုကဲ့သို့သော အခြေအနေမျိုးတွင် နောက် တစ်ကြိမ် မကျရောက်စေရန် ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံအနေဖြင့် မိမိတို့၏ စစ်ပွဲမဟုတ်သည့်အပြင် မိမိတို့မရွေးချယ်ခဲ့သော စစ်ပွဲတစ်ခု၏ ထောင်ချောက်ထဲသို့ နောက်တစ်ကြိမ် မကျ ရောက်သင့်ကြောင်း ဆိုပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အရေးပါသော လမ်းကြောင်းများ ပိတ်ဆို့ခံရခြင်းသည် နိုင်ငံများ၏ သွင်းကုန်များ အပေါ် ထိခိုက်မှုရှိနိုင်သဖြင့် ပြင်သစ်နိုင်ငံသည် နွေရာသီတစ်လျှောက် ဒေသတွင်းနှင့် ဥရောပရှိ မိတ်ဖက် နိုင်ငံများနှင့်အတူ အစားထိုးကုန်သွယ်ရေးလမ်းကြောင်းများကို စတင်လေ့လာ၍ ရေးဆွဲ နေခဲ့ကြောင်း လည်း ပြောကြားခဲ့ပါတယ်။

ဘာရိုက ထိုသို့ ပြောကြားနေချိန်တွင်ပင် ဥရောပသမဂ္ဂသည် မကြာသေးမီက အီရန်အပေါ် အမေရိကန်၏ စီးပွား ရေးဖိအား ပေးရေး လှုပ်ရှားမှုကို ထောက်ခံခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က ထိုကိစ္စနှင့် ပတ်သက်၍  “ဥရောပ အနေနဲ့ အီရန်ကို ကုန်ကျစေပြီး အမေရိကန်ဆီက ကိုယ့်အတွက် လေးစားမှုနဲ့ နေရာတစ်ခု ရရှိနိုင်မယ်လို့ ထင်နေ တယ်ဆိုရင်တော့ အကြီးအကျယ် မှားယွင်းနေပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ “အတွေ့အကြုံက ပြသနေတာကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးမှု၊ လွန်ကဲစွာ တောင်းဆိုမှုနဲ့ အနိုင်ကျင့်ဗိုလ်ကျမှုရှိတဲ့ အမေရိကန်လို ဘက်တစ်ဘက်ရှေ့မှာ အလျှော့ပေးခြင်းနဲ့ လိုက်နာ ခြင်းဟာ အမေရိကန်ဘက်ရဲ့ အလိုဆန္ဒကို လျော့ကျစေတာမဟုတ်ဘဲ ပိုမိုကြီးမားလာစေတာပဲ ဖြစ်ပါတယ်”** ဟု အတည် ပြုပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha