၅ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၃
ထရမ့်  ၏ ကိုယ်ကျင့်တရားကျဆင်းမှု/ နိုင်ငံရေးပြိုင်ဘက်များအပေါ် ရိုင်းစိုင်းသောစကားလုံးများ အသုံးပြု ခြင်း

အီရန်အပေါ် စစ်ပွဲတွင် မအောင်မြင်မှုများကြောင့် ဝေဖန်မှုများ ပိုမိုမြင့်တက်လာခြင်းအပေါ် ဒေါသထွက်နေသော အမေရိကန်သမ္မတသည် မိမိ ၏ နိုင်ငံရေးပြိုင်ဘက်များကို ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခဲ့ပြီး ရိုင်းစိုင်း သော စကားလုံး များကိုလည်း အသုံးပြုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အီရန်အပေါ် စစ်ပွဲစတင်ခဲ့ခြင်း၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များကို မအောင်မြင်ခဲ့ခြင်းအတွက် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသဖြင့် အလွန်ဒေါသထွက်နေသည်ဟု ထင်ရှားနေသည်။ ထိုအခြေအနေတွင် ၎င်းသည် လူမှုကွန်ရက်ပေါ်တွင် ပို့စ်တစ်ခုတင်ကာ ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များကို ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အပေါ် မသင့်လျော်သော ရိုင်းစိုင်းသည့် စကားလုံးများကို အသုံးပြုခဲ့ပါတယ်။

ဒေါ်နယ်လ် ထရမ့်သည် လူမှုကွန်ရက်ပလက်ဖောင်း **Truth Social** ပေါ်တွင် တင်ခဲ့သော ပို့စ်၌ “လက်ဝဲယိမ်း အရူးများ၊ အစွန်းရောက်များ၊ ဒီမိုကရက်များနဲ့ ကွန်မြူနစ်တွေက ကျွန်တော်တို့ အီရန်နဲ့စစ်ပွဲမှာ ရှုံးနိမ့် စေချင်ကြ တယ်။ ဒါပေမယ့် ဒေါ်နယ်လ် ထရမ့် က ဒီစစ်ပွဲကို အမေရိကန်အတွက် အောင်ပွဲအဖြစ် ပြောင်းလဲ သွားတာ ကိုတော့ သူတို့ မလိုချင်ကြဘူး” ဟု ရေးသားထားပါတယ်။

ဒေါ်နယ်လ် ထရမ့် က ၎င်း၏ပို့စ်တွင် ဆက်လက်ရေးသားထားသည်မှာ ၎င်းတို့သည် စစ်ပွဲကို အနိုင်ရစေလို သည် ထက် ရှုံးနိမ့်သွားစေလိုကြသည်ဟု ဆိုပါတယ်။

၎င်းက ထိုသူများကို “စိတ်ကျန်းမာရေးမကောင်းသူများ” ဟု ရည်ညွှန်းပြီး ၎င်းတို့သည် TDS (Trump Derangement Syndrome) ဟုခေါ်သည့် ရောဂါတစ်မျိုးကို ပြင်းထန်စွာ ခံစားနေရသူများဖြစ်ကြောင်း ရေးသား ထားပါတယ်။ ထိုဝေါဟာရကို တစ်ခါတစ်ရံ “ဒေါ်နယ်လ် ထရမ့် ရူးသွပ်မှုရောဂါ” ဟုလည်း ခေါ်ဆိုကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha