၆ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၆
အစ္စရေးတပ်ဖွဲ့များက လက်ဘနွန်တောင်ပိုင်းတွင် တပ်အင်အားလျှော့ချရန် ပြင်ဆင်နေ၊ ဇီယွန်ဝါဒီ သတင်း ရင်းမြစ်များ

အစ္စရေး လုံခြုံရေးအရာရှိများ၏ ပြောကြားချက်အရ အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်တောင်ပိုင်းမှ တပ်ဖွဲ့ဝင် အချို့ကို ပြန်လည်ရုပ်သိမ်းပြီး အစ္စရေးနယ်စပ်အနီး ၃ ကီလိုမီတာမှ ၄ ကီလိုမီတာအတွင်း နေရာသစ်များ၌ ကာကွယ်ရေးတပ်စခန်းများ တည်ဆောက်ရန် စဉ်းစားနေကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အစ္စရေးလုံခြုံရေးအရာရှိ အများအပြားက အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်တောင်ပိုင်းတွင် ၎င်းတို့၏ တပ်အင်အားကို လျှော့ချရန် ပြင်ဆင်နေပြီး တပ်ဖွဲ့ဝင်များကို အစ္စရေး နယ်စပ်အနီးသို့ ပြန်လည်နေရာချထားရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါတယ်။

အသေးစိတ်အနေဖြင့် အစ္စရေး အစိုးရပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနများက လုံခြုံရေးသတင်းရင်းမြစ်များကို ကိုးကား၍ လက်ဘနွန်တောင်ပိုင်းရှိ အလီ အယ်လ်တာဟိရ် ဒေသတွင် ဥမင်လိုဏ်ခေါင်းများကို ဖျက်ဆီးပြီး နောက် အစ္စရေးတပ်ဖွဲ့များသည် တပ်အင်အားလျှော့ချရန် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့ပါတယ်။

သတင်းအရ အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်တောင်ပိုင်းတွင် ကာကွယ်ရေးဇုန်အသစ်တစ်ခု တည်ထောင် နိုင်ခြေကို လည်း စဉ်းစားနေပါတယ်။ အဆိုပါဇုန်သည် လက်ရှိတပ်စခန်းများထက် အစ္စရေးနယ်စပ်နှင့် ပိုမိုနီး ကပ်သော နေရာတွင် တည်ရှိမည်ဖြစ်ပါတယ်။

လုံခြုံရေးသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်တောင်ပိုင်းရှိ အချို့ ဒေသများမှ နောက်ဆုတ်ပြီး သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေနယ်စပ်အနီး၊ နယ်စပ်မှ အတွင်းဘက် ၃ ကီလိုမီတာမှ ၄ ကီလိုမီတာခန့်အကွာ တွင် တပ်စခန်းအသစ်များ၌ ပြန်လည် တပ်စွဲသွား မည်ဖြစ်ပါတယ်။

အစ္စရေး အစိုးရပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနများ၏ ဖော်ပြချက်အရ တပ်ဖွဲ့များကို ဤသို့ ပြန်လည် နေရာချထားမည့် အစီအစဉ်ကို “မီးခိုးရောင်မျဉ်း (Gray Line)” ဟု အမည်ပေးထားပါတယ်။ အဆိုပါ ဧရိယာ အတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ရန်အတွက် နေရာအမျိုးမျိုးကို သတ်မှတ် တည်ဆောက် သွားမည်ဖြစ် ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha