အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဆိုပါအစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ အလ်ဘာကိရ်အဖွဲ့၏ တရားဟောပြောရေးဌာနနှင့် ပါကစ္စတန် အီမာမီယာ အူလမာအဖွဲ့တို့က တမန်တော်မြတ် မိုဟမ္မဒ်မွတ်စ်သဖာ (ဆွ) နှင့် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) တို့၏ မင်္ဂလာမွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
အစည်းအဝေးတွင် တမန်တော်မြတ်၏ အတ္ထုပ္ပတ္တိနှင့် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ သွန်သင်ချက်များကို အခြေခံ၍ မွတ်စလင်မ်အွန်မ္မာ၏ စည်းလုံးညီညွတ်မှု၊ အစ္စလာမ်ဘာသာဝင်များအကြား ညီရင်းအစ်ကိုစိတ်ဓာတ်နှင့် ယနေ့ခေတ်တွင် ရင်ဆိုင်နေရသော အတွေးအခေါ်ပိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုများ ကို အလေးထား ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးတွင် ပါကစ္စတန် အထက်လွှတ်တော် အတိုက်အခံခေါင်းဆောင် H.I ရာဂျာ နာဆေရ် အဘာစ် ဂျအ်ဖရီ က အထူးမိန့်ခွန်းပြောကြားခဲ့ပြီး “မွတ်စလင်မ်အွန်မ္မဟ်အတွက် ရင်ဆိုင်နေရသော အခက်အခဲများကို စည်းလုံးညီညွတ်မှုနှင့် အမြော်အမြင်ရှိမှုဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ တမန်တော်မြတ်၏ အတ္ထုပ္ပတ္တိနှင့် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ သွန်သင်ချက်များတွင် အွန်မ္မဟ် စည်းလုံးညီညွတ်ရေးအတွက် ထင်ရှားသော နမူနာများ ရှိနေသည်” ဟု ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ ဆွာဒစ်က် (အ.စ) ၏ သွန်သင်ချက်များက မွတ်စလင်မ်များသည် မိမိတို့အကြားရှိ ပညာရပ် ဆိုင်ရာနှင့် ဖိက္ဟ်ဥပဒေဆိုင်ရာ ကွဲပြားမှုများ ရှိနေသော်လည်း ကုရ်အာန်ကျမ်းတော်၊ တမန်တော်မြတ်နှင့် အစ္စလာမ် ဘာသာ၏ ဘုံတန်ဖိုးများကို အခြေခံ၍ စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ကြောင်း သင်ကြားပေးထားသည် ဟု ဆိုပါတယ်။
အစည်းအဝေးတွင်လည်း ယနေ့ခေတ် အတွေးအခေါ်နှင့် ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုများ၏ နောက်ခံ အခြေ အနေများအရ အိုလမာ များနှင့် တရားဟောဆရာများ၏ တာဝန်ဝတ္တရားများ ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ခဲ့ကြပါ တယ်။ ထို့အပြင်ဆွာဒစ်က် ၏ အတ္ထုပ္ပတ္တိနှင့် သွန်သင်ချက်များထံမှ လမ်းညွှန်မှုရယူကာ လူ့အဖွဲ့အစည်းအတွင်း ရင်ဆိုင်နေရသည့် ယဉ်ကျေးမှုနှင့် အတွေးအခေါ်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းသင့်ကြောင်း အလေး ပေးပြောကြားခဲ့ကြပါတယ်။
မှတ်သားဖွယ်မှာ အလ်ဘာကိရ်အဖွဲ့အစည်းသည် ပညာရေး၊ တရားဟောပြောရေးနှင့် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက် သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ တည်ထောင်သူနှင့် အကြီးအကဲဖြစ်သူ H.I ဒေါက်တာ ဆယက်ဒ် ရှဖ်ကသ် ဟိုစိုင်းန် ရှီရာဇီး ၏ ဦးဆောင်မှုအောက်တွင် တရားဟောပြောရေး ၊ ပညာရေး၊ သုတေသနနှင့် လူမှု ကူညီ စောင့်ရှောက်ရေး နယ်ပယ်များတွင် တက်ကြွစွာ လုပ်ဆောင်လျက်ရှိပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment