၉ စက်တင်ဘာ ၂၀၂၆ - ၂၃:၄၅
အီရန်၏ စစ်ရေးအသင့်ပြင်ဆင်မှု

အီရန်မြေပြင်တပ်ဖွဲ့၏ တပ်မှူးက ခြိမ်းခြောက်မှုအမျိုးမျိုးကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် အပြည့်အဝ အသင့် ပြင်ဆင် ထားကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်() (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်၏ မြေပြင်တပ်ဖွဲ့အကြီးအကဲက အခြေအနေအားလုံးတွင် ခြိမ်းခြောက်မှုအမျိုးမျိုးကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် အပြည့်အဝ အသင့်ရှိကြောင်း ကြေညာခဲ့ပါတယ်။

အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ အီရန် မြေပြင်တပ်ဖွဲ့၏ တပ်မှူး ဗိုလ်မှူးချုပ် အလီ ဂျဟန်ရှာဟီ သည် ၁၆ ကြိမ်မြောက် သံချပ်ကာတပ်မကို စစ်ဆေးကြည့်ရှုစဉ် ပြောကြားရာတွင် တပ်မတော်အနေဖြင့် ခြိမ်းခြောက် မှုနှင့် ကျူးကျော်တိုက်ခိုက်မှု အမျိုးမျိုးကို ရင်ဆိုင်ရန် အချိန်မရွေး အသင့်ရှိနေရမည်ဟု ဆိုပါတယ်။

၎င်းက သံချပ်ကာတပ်မ၏ တပ်ဖွဲ့များအသုံးပြုသည့် စစ်ရေးပစ္စည်းများ၊ ထို့အပြင် ကာကွယ်ရေးနှင့် တိုက်ခိုက် ရေး စွမ်းရည်များကို စစ်ဆေးပြီးနောက် မြေပြင်တပ်ဖွဲ့သည် နိုင်ငံ၏ နယ်စပ်များကို ကာကွယ် ရန်နှင့် ကျူးကျော်တိုက်ခိုက်မှုများ၊ ခြိမ်းခြောက်မှုအမျိုးမျိုးကို ရင်ဆိုင်ရန် အပြည့်အဝ အသင့် ပြင်ဆင်ထား ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha