အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ အစ္စလာမ် မစ် ပြည်သူ့ သမ္မတနိုင်ငံ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က စက်တင်ဘာ ၉ ရက် ဗုဒ္ဓဟူးနေ့ညတွင် IRIB နှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းအတွင်း အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ IAEA အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး၊ ဘုတ်အဖွဲ့၏ ယင်းလုပ်ဆောင်ချက်မှာ သိသာထင်ရှားစွာ ဆန့်ကျင်ကွဲလွဲနေသော လုပ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက Snapback ဟု ခေါ်ဆိုနေသည့် လုပ်ငန်းစဉ်အရ အီရန်နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များအားလုံး ပြန်လည်အသက်ဝင်လာပြီဟု ဆိုခဲ့ကြောင်း၊ သို့သော် ထိုအချိန်ကတည်းကပင် အီရန်ဘက်က Snapback သည် ဥပဒေရေးရာအရသာမက လက်တွေ့လုပ်ငန်းဆောင်ရွက်မှုအရပါ တရားမဝင်သည့် လုပ်ရပ်ဖြစ်ပြီး၊ ယင်းလုပ်ငန်းစဉ် အမှန်တကယ် ပြီးမြောက်သွားပြီဟု မဆိုနိုင်ကြောင်း** ပြောထားခဲ့သည်ဟု ဆိုသည်။
အီစ္စမာအီ ဗကာအီ က IAEA အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့၏ ယခုလုပ်ဆောင်ချက်ကြောင့် အီရန်၊ ရုရှား၊ တရုတ်နှင့် အခြားနိုင်ငံအချို့က Snapback သည် အမှန်တကယ် ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း ပြောဆိုခဲ့ သည်မှာ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ “ဒုတိယအချက်မှာ အဆိုပါဆုံးဖြတ်ချက်ထဲတွင် လုံးဝဆန့်ကျင်ကွဲလွဲနေသော တောင်းဆိုချက်တစ်ရပ် ပါဝင်နေသည်”ဟု ဆိုပါတယ်။ အီရန်အား Safeguards (နျူကလီးယား အကာအကွယ် စစ်ဆေးရေး) ဆိုင်ရာ ကတိကဝတ်များကို လိုက်နာရန် တောင်းဆိုထားသော်လည်း၊ အီရန်၏ နျူကလီးယားစက်ရုံများသို့ ဝင်ရောက်စစ်ဆေးနိုင်ခြင်း မရှိရခြင်းမှာ အမေရိကန်နှင့် အစ္စရေးအစိုးရတို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဖြစ်သည် ဆိုသည့် အချက်ကိုမူ ဆုံးဖြတ်ချက်ထဲတွင် လုံးဝ ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment