အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ဆာနာမြို့၏ ဆွေးနွေးညှိနှိုင်းရေးကော်မတီ အကြီးအကဲ မိုဟမ္မဒ် အဗ်ဒိုစ်စလာမ် က မကြာသေးမီက ဖြစ်ပေါ်နေသော တင်းမာမှုများနှင့် ပတ်သက်၍ တုံ့ပြန် ပြောကြား ရာတွင် ဆော်ဒီအာဏာပိုင်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်
မိုဟမ္မဒ် အဗ်ဒိုစ်စလာမ် က ဆော်ဒီအစိုးရအနေဖြင့် တင်းမာမှုများ ပိုမိုမြင့်တက်စေခြင်းနှင့် ပြစ်မှုများ ကျူးလွန်ခြင်းအစား ငြိမ်းချမ်းရေးအတွက် တောင်းဆိုချက်ကို တုံ့ပြန်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ ဆော်ဒီအစိုးရသည် ကမ္ဘာ့လူထု၏ သဘောထားကို ကြောက်ရွံ့စေရန်နှင့် ဖိအားပေး ရန်အတွက် မမှန်ကန်သော ဇာတ်ကြောင်းများကို အသုံးပြုကာ လှည့်ဖြားရန် ယခုအချိန်အထိ အခိုင်အမာ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။
အဗ်ဒိုစ်စလာမ် ပြောကြားချက်အရ ရီယာ့ဒ်၏ ယင်းသဘောထားသည် ဒေသတွင်း တင်းမာမှုများ လျှော့ချရန်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ကြိုးပမ်းမှုများနှင့် ဆန့်ကျင်နေပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment