၁၅ စက်တင်ဘာ ၂၀၂၆ - ၁၉:၅၀
IAEA ၏ ၇၀ ကြိမ်မြောက် အထွေထွေညီလာခံ ဗီယင်နာတွင် စတင် ၊ ဂရိုစီက အီရန် နှင့် ပတ်သက်၍ ထပ်မံပြောကြား

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ ၇၀ ကြိမ်မြောက် အထွေထွေညီလာခံကို ဗီယင်နာမြို့တွင် စတင်ကျင်းပခဲ့ပြီး အီရန်၏ နျူကလီးယားအစီအစဉ်ကို စောင့်ကြည့်ကြီးကြပ်နိုင်မှု အခြေအနေသည်လည်း အဓိကဆွေးနွေးမည့် အကြောင်းအရာများထဲတွင် ပါဝင်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ သတင်းအရ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ ၇၀ ကြိမ်မြောက် အထွေထွေညီလာခံကို ဗီယင်နာမြို့တွင် စတင်ကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ ၁၈၁ နိုင်ငံမှ ကိုယ်စားလှယ်များက နျူကလီးယားစွမ်းအင်၊ နျူကလီးယားဘေးကင်းလုံခြုံရေးနှင့် အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးနေကြပါတယ်။

အဆိုပါအစည်းအဝေးကို  Vienna International Centre တွင် စတင်ကျင်းပခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါတယ်။ယင်းကို IAEA ၏ အရေးအကြီးဆုံး မူဝါဒချမှတ်ရေး ဖိုရမ်အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင်နိုင်ငံများက အဖွဲ့၏ အစီအစဉ်များ၊ ဘတ်ဂျက်နှင့် နျူကလီးယားဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးကြပါတယ်?

IAEA ၏ ညွှန်ကြားရေးမှူးချုပ်  ရာဖေးလ် ဂရိုစီ က ဖွင့်ပွဲအစည်းအဝေးတွင် ညီလာခံ စတင်ပြီဖြစ်ကြောင်းနှင့် တီမောလက်စ်တေ ကို အဖွဲ့၏ ၁၈၂ ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်၏ နျူကလီးယားအစီအစဉ်သည်လည်း ယခုအစည်းအဝေး၏ အဓိကဆွေးနွေးမည့် အကြောင်းအရာများထဲတွင် ပါဝင်သည်။ သို့သော် အီရန် အဏုမြူစွမ်းအင်အဖွဲ့ အကြီးအကဲ မိုဟာမက် အစ္စလာမီ သည် ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့သဖြင့် အီရန်နှင့် ရုရှားဘက်မှ တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။

ရာဖေးလ် ဂရိုစီက ညီလာခံဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ၂၀၂၆ ခုနှစ်အတွင်း အီရန်၏ နျူကလီးယားအစီအစဉ်အပေါ် IAEA ၏ စောင့်ကြည့်ကြီးကြပ်နိုင်မှု အခြေအနေသည် ပိုမိုဆိုးရွားလာခဲ့ကြောင်း ပြောဆိုခဲ့ပါ တယ်။

ဂရိုစီက ဖေဖော်ဝါရီလကုန်ပိုင်းတွင် အီရန်အပေါ် ထပ်မံတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် IAEA သည် ၎င်း၏ စစ်ဆေးရေးမှူးများကို အီရန်နိုင်ငံမှ ပြန်လည်ခေါ်ယူခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ 

အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကို ရှုတ်ချခြင်းမပြုဘဲ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်း၏အဆိုအရ ဇွန်လအတွင်း Bushehr နျူကလီးယားဓာတ်အားပေးစက်ရုံ ကို စစ်ဆေးခဲ့မှုတစ်ကြိမ်မှလွဲ၍ ပြီးခဲ့သည့် ခြောက်လကျော်ကာလအတွင်း IAEA သည် အီရန်နိုင်ငံအတွင်း အခြားသော ကွင်းဆင်းစစ်ဆေးအတည်ပြုမှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

၎င်းက ဆက်လက်၍ **တစ်နှစ်ကျော်ကာလအတွင်း IAEA သည် အီရန်က ကြေညာထားသော နျူကလီးယားစက်ရုံများရှိ အနည်းငယ်အဆင့် မြှင့်တင်ထားသော ယူရေနီယမ်နှင့် ၆၀ ရာခိုင်နှုန်းအထိ အဆင့်မြှင့်တင်ထားသော ယူရေနီယမ် သိုလှောင်ပမာဏများနှင့် ပတ်သက်သည့် ဆက်တိုက်အချက်အလက်များကို ရရှိနိုင်ခြင်း မရှိတော့ကြောင်း** ပြောကြားခဲ့သည်။ ၎င်း၏အဆိုအရ အဆိုပါစက်ရုံများသည် ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဂရိုစီက အဆိုပါ နျူကလီးယားပစ္စည်းများနှင့် ပတ်သက်သည့် IAEA ၏ အချက်အလက်များကို အတည်ပြုနိုင်ရန် စက်ရုံများထံ ဝင်ရောက်ခွင့်မရှိခြင်းသည် နျူကလီးယားလက်နက် မပြန့်ပွားရေး အတွက် အလွန်အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်ပြီး ယင်းကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha