၁၇ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၁
အီရန်၏ တိုက်ခိုက်မှုကြောင့် ဘာရိန်း နှင့်ယူအေအီး ရှိ Amazon ကုမ္ပဏီ၏ ဒေတာအချို့ အပြီးတိုင် ပျက်စီး

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ တိုက်ခိုက်မှုများကြောင့် ဘာရိန်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး ) တွင် တည်ရှိသော အမေရိကန် Amazon ကုမ္ပဏီ၏ ဒေတာအချို့သည် အပြီးတိုင် ပျောက်ဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  Wall Street Journal ကို ကိုးကား၍ ဖော်ပြချက်အရ Amazon ကုမ္ပဏီသည် ပါရှန်းပင်လယ်ကွေ့ရှိ အာရပ်နိုင်ငံအချို့တွင် ၎င်း၏ ဒေတာစင်တာများအတွင်း သိမ်းဆည်းထားသည့် ဒေတာအချို့ကို ပြန်လည်ရယူအသုံးပြုနိုင်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ ဒေတာစင်တာများကို ယခုနှစ် နွေဦးကာလအတွင်း အီရန်ဒရုန်းများက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကန်ဘက်မှ အီရန်ကို ဆန့်ကျင်သည့် စစ်ပွဲ၏ အစောပိုင်းရက်များအတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နှင့် ဘာရိန်းနိုင်ငံတို့တွင် တည်ရှိသည့် အဆိုပါ ဒေတာစင်တာများသည် ဒရုန်းအမြောက်အမြား၏ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

Amazon ၏ ယခုကြေညာချက်သည် ဘာရိန်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့တွင်သာ သီးသန့်သိမ်းဆည်းထားခဲ့သော ဒေတာအချို့ အပြီးတိုင် ပျောက်ဆုံးသွားခဲ့ကြောင်း ပြသသည့် ပထမဆုံး အရိပ်အယောင်တစ်ရပ် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha