၂၂ စက်တင်ဘာ ၂၀၂၆ - ၂၀:၂၄
အာယာသွလ္လာဟ်  ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ ကွယ်လွန်ခြင်းအပေါ် အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ

အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်က ထင်ရှားကျော်ကြားသောဖေကဟ် ပညာရှင်ကြီး၊ ရှီအဟ် သုတေသီများအနက် ရှေ့တန်းမှ ပညာရှင်တစ်ဦးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ ကွယ်လွန်သွားခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇာ သတင်းအေဂျင်စီ၏ အစီရင်ခံချက်အရ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ  ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။


ဗစ်မေလ္လာဟ်ဟေရ်ရဟ်မန်နေရ်ရဟီးမ် 

ဂုဏ်သိက္ခာကြီးမားလှသော ဆရာတော် ၊ အဆင့်မြင့်ဖေကဟ် ပညာရှင်ကြီး အာယာသွလ္လာဟ်  အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ ကွယ်လွန်သွားကြောင်း ဝမ်းနည်းဖွယ်သတင်းကို ရရှိခဲ့ပါသည်။

ဤမြင့်မြတ်သော ပညာရှင်ကြီးသည် ကလေးဘဝ၏ အစောပိုင်းနှစ်အနည်းငယ်မှလွဲ၍ ဂုဏ်သိက္ခာရှိသော ဘဝတစ်လျှောက်လုံးကို ပညာရှာဖွေခြင်း၊ ပညာသင်ကြားပေးခြင်းနှင့် သုတေသနပြုခြင်းလမ်းတွင် ဖြတ်သန်းခဲ့သူ ဖြစ်ပါသည်။ ထိုပညာရှင်ကြီးအား အသက်အရွယ်တူများ၊ အတူတကွ ပညာသင်ယူခဲ့သူများနှင့် ဆရာသမားများ၏ အမြင်တွင် သုတေသနပြုရာ၌ ထူးချွန်ပြီး နက်ရှိုင်းစွာ ထိုးထွင်းမြင်နိုင်သော ပညာရှင်တစ်ဦးအဖြစ် အမြဲသတ်မှတ်ခံခဲ့ရပါသည်။

ရှရီအသ် ဥပဒေ၏ စီရင်ချက်များကို ထုတ်ယူသတ်မှတ်ရာတွင် လိုအပ်သည့် အမျိုးမျိုးသော ပညာရပ်များနှင့် နည်းလမ်းများအပေါ် သူ၏ ကျွမ်းကျင်မှုသည် အသေးစိတ်အချက်များနှင့် နက်နဲသိမ်မွေ့သော အချက်များကို အထူးဂရုတစိုက် ထည့်သွင်းစဉ်းစားခြင်းနှင့်အတူ ရှိခဲ့ပါသည်။

ထိုပညာရှင်ကြီး ၏ သင်ကြားပို့ချမှုများသည် တစ်ခါတစ်ရံ တက်ရောက်သူဦးရေ နည်းပါးနေသော်လည်း ထိုးထွင်းစူးရှသော အမြင်နှင့် နက်ရှိုင်းသော ပညာရပ်ဆိုင်ရာ ဆွေးနွေးသင်ကြားမှုများအဖြစ် လူသိများခဲ့ပြီး အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်ခဲ့ပါသည်။

အလ္လာဟ်အရှင်မြတ် ၏ ကျေးဇူးတော်ကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုကျော်အတွင်း လူအများအပြားသည် မိမိတို့၏ စွမ်းရည်နှင့်အညီ ထိုတန်ဖိုးကြီးမားသော ပညာရှင်ကြီးထံမှ အကျိုးကျေးဇူးရရှိရန် အခွင့်အရေးရခဲ့ကြပြီး မိမိတို့၏ ပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်းများနှင့် သင်ကြားပို့ချရေးအတွက် လိုအပ်သော ပညာရပ်ဆိုင်ရာ အထောက်အပံ့များကို ရယူနိုင်ခဲ့ကြပါသည်။

သူ၏ စုဝေးရာနေရာသည် အကျိုးပေးသူနှင့် အကျိုးခံစားသူ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေသော စုဝေးရာနေရာတစ်ခု ဖြစ်ခဲ့ပါသည်။ သင်ကြားပို့ချမှုအပြီး အိမ်သို့ လမ်းလျှောက်ပြန်သွားနေချိန်၌ပင် ထိုသို့ အကျိုးရှိစေသော တွေ့ဆုံမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

သူ၏ အသိအမှတ်ပြုခံထားရသော ပညာရပ်ဆိုင်ရာ အဆင့်အတန်းအပြင် ကျောင်းသားများနှင့် ပညာရှင်များအပေါ် သူ၏ နှိမ့်ချသော၊ ဖခင်တစ်ဦးကဲ့သို့ ပြုမူဆက်ဆံမှုသည်လည်း ထင်ရှားပြီး သင်ခန်းစာယူဖွယ်ရာ အချက်တစ်ရပ် ဖြစ်ခဲ့ပါသည်။

သံသယဖြစ်ဖွယ်မရှိဘဲ ဤထူးခြားထင်ရှားသော ပညာရှင်ကြီး၏ ဆုံးရှုံးမှုသည် ယနေ့ခေတ် ရှီအာသုတေသီများ၏ ရှေ့တန်းအဆင့်တွင် ကြီးမားသော လစ်ဟာမှုတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပြီး ထိုလစ်ဟာမှုကို ဖြည့်ဆည်းရန် အချိန်ကာလရှည်ကြာစွာ လိုအပ်နိုင်ပါသည်။

ဤဝမ်းနည်းဖွယ်အဖြစ်အပျက်အတွက် ကျွန်ုပ်တို့၏ အရှင်သခင်နှင့် မာဝလာဖြစ်တော်မူသော အေမာမ် ဇမာန် (အလ္လာဟ်အရှင်မြတ်၏ မင်္ဂလာနှင့် ငြိမ်းချမ်းမှု သက်ရောက်ပါစေ၊ သူ၏ ပေါ်ထွန်းလာမည့်အချိန်ကို အလျင်အမြန် ဖြစ်စေတော်မူပါ) ထံသို့လည်းကောင်း၊ ဟောင်ဇာ အေလ်မီယေ များထံသို့လည်းကောင်း၊ အထူးသဖြင့် သူ၏ တပည့်များနှင့် ကြည်ညိုလေးစားသူများထံသို့လည်းကောင်း၊ ထို့အပြင် အာလင်မ် များနှင့် ခေတ်ပညာရှင်များကို မွေးထုတ်ပျိုးထောင်ပေးခဲ့သော ဤဂုဏ်သရေရှိ မိသားစုထံသို့လည်းကောင်း ကျွန်ုပ်၏ ဝမ်းနည်းကြောင်းကို ပို့သအပ်ပါသည်။

ထို့ပြင် ဤမြင့်မြတ်သော ပုဂ္ဂိုလ်ကြီး၏ အဆင့်အတန်းများ မြင့်မားတိုးတက်စေရန် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဆယက်ဒ် မွတ်ဂျ်သဗါ ဟိုစိုင်းန်နီ ခါမေနာအီ 
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha