၂၃ စက်တင်ဘာ ၂၀၂၆ - ၂၀:၃၃
ဒေါက်တာ ကာလီဗါဖ်  / သမ္မတ ဘေဇစ်ရှ် ဂီယန်း  သည် အီရန်ယဉ်ကျေးမှု၏ သတ္တိ၊ ခုခံမှုနှင့် မယိမ်းမယိုင်ရပ်တည်မှုကို အစွမ်းထက်စွာ ဖော်ပြခဲ့သူဖြစ်

အီရန်လွှတ်တော် ဥက္ကဋ္ဌ မိုဟမ္မဒ်ဘာ ကာ ကာလီဘာဖ် က အီရန် သမ္မတဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် အစိုးရတစ်ရပ် ၏ ကိုယ်စားသာမက နှစ်ပေါင်း ၃,၀၀၀ သက်တမ်းရှိ အီရန်ယဉ်ကျေးမှု၏ ကိုယ်စား ပြောဆိုခဲ့သူဖြစ်ပြီး အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ သတ္တိ၊ ခုခံမှုနှင့် မယိမ်းမယိုင်ရပ်တည်မှုတို့ကို အစွမ်းထက်စွာ ဖော်ပြခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်ရုပ်မြင်သံကြားဌာန (IRIB)၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစ္စလာမ့် လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် က အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း   နှင့်ပတ်သက်၍ မှတ်ချက်ပြုရာတွင် သမ္မတသည် အစိုးရတစ်ရပ်၏ အသံအဖြစ်သာမက နှစ်ပေါင်း ၃,၀၀၀ သက်တမ်းရှိ အီရန်ယဉ်ကျေးမှု၏ ကိုယ်စားပြုအသံအဖြစ် ပြောဆိုခဲ့ကြောင်း ဆိုပါတယ်။

ဒေါက်တာ ကာလီဗါဖ် က “ သမ္မတ ဘေဇစ်ရှ် ဂီယန်း  သည် အစိုးရတစ်ရပ်၏ ဘာသာစကားဖြင့်သာ ပြောဆိုခဲ့ခြင်းမဟုတ်ဘဲ နှစ်ပေါင်း ၃,၀၀၀ သက်တမ်းရှိ ယဉ်ကျေးမှုတစ်ရပ်၏ ကိုယ်စား ပြောဆိုခဲ့ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့ပါတယ်။

ထို့အပြင် သမ္မတ ဘေဇစ်ရှ် ဂီယန်း  သည် “ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ သတ္တိ ၊ ခုခံမှုနှင့် မယိမ်းမယိုင်ရပ်တည်မှုတို့ ၏ အစွမ်းထက်သော အသံ” ဖြစ်ကြောင်း ဒေါက်တာ ကာလီဗါဖ်  က ပြောကြားခဲ့ပြီး “ဂုဏ်ယူဖွယ်ကောင်းပြီး ခုခံရပ်တည်နေသော အီရန်ပြည်သူများ အသက်ရှည်ပါစေ” ဟုလည်း ပြောဆိုခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha