အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကအ်ဗဟ် ဝတ်ကျောင်းတော် သည် ကမ္ဘာတစ်ဝန်းရှိ ရှီအဟ် မွတ်စလင်မ်ဖြစ်စေ ၊ စွန်နီ မွတ်စလင်မ်ဖြစ်စေ များအတွက် အထွတ်အမြတ်ထားရာနေရာဖြစ်သကဲ့သို့ မတ်စ်ဂျစ်ဒ်အက်ဆွာသည်လည်း အစ္စလာမ်၏ ပထမဆုံး ကစ်ဗ်လဟ်ဖြစ်ပြီး မွတ်စလင်မ်တို့၏ အလွန်အရေးကြီးသည့် သန့်ရှင်းမြင့်မြတ်ရာနေရာတစ်ခု ဖြစ်ပါတယ်။
သို့သော် ကအ်ဗဟ်နှင့် ပတ်သက်လာလျှင် အလွန်ကျယ်လောင်စွာ ပြောဆိုဝေဖန်သူများသည် အစ္စရေး၏ သိမ်းပိုက်မှုအောက်တွင် ရှိနေသည့် အက်ဆွာနှင့် ပါလက်စတိုင်းပြည်သူများ၏ အရေးအတွက်မူ အဘယ်ကြောင့် ? ထိုသို့ တက်ကြွစွာ အသံမထွက်ကြသနည်း ? ဟူသည့် မေးခွန်း ပေါ်ပေါက်လာပါတယ်။
အန်ဆွာရိုလ္လာဟ် ဟူသီတို့ကို ဝေဖန်ရာတွင် မြင့်မြတ်သောနေရာများကို ကာကွယ်ရေးနှင့် မွတ်စလင်မ်တို့၏ အကျိုးစီးပွားကို အကြောင်းပြု၍ ပြောဆိုကြသော်လည်း၊ အစ္စရေး၏ သိမ်းပိုက်မှုနှင့် အက်ဆွာအရေးတွင်မူ ထိုအသံများ တိတ်ဆိတ်သွားခြင်းသည် မူဝါဒနှင့် စံနှုန်းနှစ်မျိုးရှိနေသလား? ဟူသည့် မေးခွန်းကို ဖြစ်ပေါ်စေပါတယ်။
အကယ်၍ မြင့်မြတ်သောနေရာများကို ကာကွယ်ခြင်းသည် အမှန်တကယ် အခြေခံမူတစ်ရပ်ဖြစ်ပါက၊ ကအ်ဗဟ်အတွက် အသံထွက်သကဲ့သို့ အစ္စလာမ်၏ ပထမဆုံး ကစ်ဗ်လဟ်ဖြစ်သော အက်ဆွာအတွက်လည်း အသံထွက်သင့်သည် မဟုတ်ပါလော။
ကအ်ဗဟ်ဝတ်ကျောင်းတော် အတွက် အသံကျယ်နိုင်သူများ၊အက်ဆွာဝတ်ကျောင်းတော် အရေးရောက်သောအခါ ဘာကြောင့် တိတ်ဆိတ်သွားကြသနည်း?
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment